*အမေ့မှာတမ်း ၊ သည်လိုလမ်းဝယ်
သည်ပန်းပန်ပြီး ၊ သည်ခရီးမှာ
သည်ထီးကိုဆောင်း ၊ သင့်အောင်ပြောင်းဟု
အပ်ကြောင်းထပ်မျှ ၊ ကြားဖူးလှလည်း
နားဝမ၀င် ၊ "ပဲပြားပင်" နှင့်
"ပုတ်သင်" ပမာ ၊ ရှက်စရာလျှင်
သိက္ခာမဲ့လှ ၊ ထိုဝါဒဟု
ရှုံ့ချပစ်တင် ၊ ထီမထင်ဘဲ
ရင်ကော့ငြင်းဆန် ၊ ခဲ့သော်လည်း .....။
*သည်မူနှင့်ဆို
သည်လူကိုကပ် ၊ အနေတတ်ခဲ့
အခြေမတ်ကာ ၊ မြင့်တက်လာသူ .....။
*သည်ဆရာဆို
သည်အညှာကိုင် ၊ အထာပိုင်လို့
နိုင်ပွဲဆက်ကာ ၊ ပန်းဝင်လာသူ .....။
*သည်အရေးဆို
သည်ဆေးကိုတိုက် ၊ ကုစားလိုက်ခဲ့
အမြိုက်ချမ်းသာ ၊ ရခဲ့ပါသူ.....။
*ဟိုကွေ့ ဟိုတက် ၊ သည်ကွေ့သည်တက်
တက်မှန်စွာပြောင်း ၊ လက်မညောင်းဘဲ
ရေကြောင်းသင့်ကာ ၊ ရေစီးသာသူ .....။
*သြော် .... သည်အရပ်မှာ
သည်ဇာတ်တွင်ကျယ် ၊ သည်လူ့နယ်မှာ
ကျင်လည်ဖြတ်သန်း ၊ အနွမ်းနွမ်းနှင့်
လက်ပန်းကျခွေ ၊ ဒူးညွတ်လေမှ
အမေမှာကြား ၊ ထိုစကားနှင့်
စကားမှာပါ ၊ စေတနာအတွက်
ရင်နာကြေကွဲရသည်တကား....။ ။
Thursday, July 24, 2014
ချစ်သော ညီမလေး. သိပါစေ..
လွတ်လပ်စွာ နေထိုင်ခွင့်  ရှိပါတယ်
စည်းတော့  မကျော်စေနဲ့ ပေါ့ .............
...
ပွင့်လင်းစွာ ပြောဆိုခွင့်  ရှိပါတယ်
မရိုင်းစေနဲ့ ပေါ့ ............
ပိုင်ဆိုင်ထားတဲ့  အလှ
လူတကာ မြင်အောင်ပြချင်နေရင်တော့ 
မိန်းကလေးတွေရဲ့ တန်ဖိုး
ဘယ်သူတွေကို လက်ညိုးထိုးပြရမလဲ ...
ခုခေတ်ကြီးမှာပေါ့ ကွယ်.............
သနပ်ခါးကို ဘယ်ညာလိမ်း
ထမိန်ကို ထိုင်မသိမ်း ၀တ်စရာမလိုဘူး
မိန်းကလေးတွေရဲ့ အလှ
ပေါ်အောင်ပြမှ...........
ဒီနေ့ ခေတ်မှာ အဆင်ပြေမယ်ထင်တဲ့ စိတ်
လွှင့်ပစ်နိုင်ပါစေ.....
စကပ်တို ပေါင်ခွဲ
ယဉ်ကျေးမှု့တွေ ရှောင်လွှဲလို့ 
ဒီမိုကရေစီ စကားလုံးနဲ့  အပြိုင်
မိန်းမတို့  သိက္ခာတွေ မယိုင်ပါစေနဲ့ ကွယ်..............
စောင့်ထိန်းရမဲ့  သိက္ခာ..
လိုက်နာရမဲ့ ကျင့်ဝတ်
ကိုယ်တွေ လက်ထဲမှာ အဆင်သင့်မဖြစ်ခဲ့ ရင်
သားကောင်းမိခင်စကားလုံး အဆင်ပြေပြေ သုံးနိုင်မထင်ဘူး............
တွေ့ မြင်တုန်းခဏ
ဟာ ဟင် ဆိုတဲ့  အာမေဍိတ်သံ ကြားမှာ
ဂုဏ်ယူချင်တဲ့  စိတ်.......
တိတ်တဆိတ် ပယ်ဖျောက်နိုင်ပါစေ...........
ကျားတို့  သဘာဝ
တပ်မက်စိတ်ကလွဲရင်
တန်ဖိုးထားတဲ့  စိတ်ထား.........
တပြားသားမှ မရတဲ့  အလှ
ဘာလို့ များ ရချင်နေတာပါလိမ့် ...........
ယောက်ျားလေး တစ်ယောက်
ညနက်သန်းကောင်ထိ လမ်းပေါ်မှာရောက်နေသေးရင်
အိမ်ပြေးစကားလုံးထက် ပိုမရဘူး.........
မိန်းကလေး တစ်ယောက်
ညနက်သန်းကောင်ထိ လမ်းပေါ်မှာရောက်ရင်
ညကြေးတွေ ခွဲ
မကောင်းတဲ့  မိန်းမပဲလို့  တမ်း စွပ်စွဲကျဖို့  များတယ်............
ယောက်ျားလေး တစ်ယောက်
ပေါ်အောင်ပြတဲ့  အလှ
ဝိတ်မ တဲ့ ကာလ
ပင်ပင်ပန်းပန်းလုပ်ရတဲ့  တဒင်္ဂပဲရှိတယ်...............
မိန်းကလေးတစ်ယောက်
ပေါ်အောင်ပြတဲ့  အလှ
SEXY ကျတယ်ဆိုတဲ့  စကားလုံး ထက်ပိုမရဘူး.......
ဒီတော့ ညီမလေးရယ်....
ဘယ်နေရာ ဘယ်ဒေသကို သွားသွား
ညီအကို မောင်နှမ မျက်နှာလေးတွေ တော့  ပတ်ဝန်းကျင်မှာထားခွင့် ပြုနိုင်ပါစေ..........
ပြောင်းလဲလာတဲ့  ခေတ်ယဉ်ကျေးမှု့အရ
ပေါ်အောင်ပြရမှ ကျေနပ်နိုင်မယ်ဆိုရင်လည်း
သေချာတာ တခု သတိပြုနိုင်ပါစေကွယ်........... ...
ပေါပေါ လောလော ရတဲ့  အလှ
ဘယ်သူမှ ထာဝရ တန်ဖိုးမထားဘူးဆိုတာကိုပေါ့ ..............

သေချာတာ တခု သတိပြုနိုင်ပါစေကွယ်...........
ပေါပေါ လောလော ရတဲ့  အလှ
ဘယ်သူမှ ထာဝရ တန်ဖိုးမထားဘူးဆိုတာကိုပေါ့ ..............
အောင်မြင်တဲ့  လူတစ်ယောက်ဖြစ်ဖို့ ဒီအချက်တွေကို အလေးထား လိုက်နာပါ
* ဘာလုပ်လုပ် အောင်မြင်မယ်လို့  ယုံကြည်စိတ် အပြည့် ထားပါ။
* ကိုယ့် ကိုကိုယ် အားကိုးပါ။
* သူ့ တစ်ပါးအမှား ကို သင်ခန်းစာယူပါ။
* ဘယ်သူ့ ဆီကမှ အလကား မလိုချင်ပါနဲ့ ။
* ကူညီပေးကမ်း လှူဒါန်းချင်စိတ် အမြဲ ရှိပါ။
* ရေရှည်အတွက် တွေးပြီး အလုပ်လုပ်ပါ။
* ကိုယ့် ရဲ့  အားနည်းချက် အားသာချက်ကို အမြဲတမ်း ဆန်းစစ်ပါ။
* ကိုယ့် ကျင့် သိက္ခာနဲ့  ပက်သက်လာရင် ဘယ်တော့ မှ အပေးအယူ မလုပ်ပါနဲ့ ။
* အချိန်ရဲ့  တန်ဖိုးကို သိပြီး အချိန်ကို မဖြုန်းမိပါစေနဲ့ ။
* ဘာပဲလုပ်လုပ် ဇွဲလုံ့ လ ၀ီရိယရှိပါစေ။
* မိတ်ဆွေ ကောင်းတွေကို တန်ဖိုးထားပါ။
* ချိုသာပျူငှာ စွာ ဆက်ဆံတတ်ပါစေ။
* လောကကို အကောင်းမြင်စိတ်ရှိပါ။

မိန်းမလက်နက် ရှစ်ပါး
၁။ ပြုံးစစလုပ်ပြခြင်း
၂။ ခနိုးခနဲ့ပြောခြင်း
၃။ ရှက်စနိုးဟန်ပြခြင်း
၎။ မျက်စောင်းထိုးခြင်း
၅။ အသံထွက်အောင်ရယ်ခြင်း
၆။ ကြောက်ဟန်ဆောင်ခြင်း
၇။ မပွင့်တပွင့်ပြောခြင်း
၈။ ငိုခြင်း
၂။ ခနိုးခနဲ့ပြောခြင်း
၃။ ရှက်စနိုးဟန်ပြခြင်း
၎။ မျက်စောင်းထိုးခြင်း
၅။ အသံထွက်အောင်ရယ်ခြင်း
၆။ ကြောက်ဟန်ဆောင်ခြင်း
၇။ မပွင့်တပွင့်ပြောခြင်း
၈။ ငိုခြင်း
သူငယ်ချင်း
သူငယ်ချင်းရေ………
ဟိုဘက်ဒီဘက်
ကမ်းနှစ်ဖက်ကို ဆက်သွယ်ချင်ရင်
တံတားလေးထိုး
လှေလှော်ရသလို
တအားလည်းမတိုးပဲ
ခဏလေးနဲ့ ရောက်မယ်ဆိုတဲ့
အတွေးနဲ့လေ………
နင့်အချစ်ကိုရဖို့
တအားလည်းမတိုး
ဖြူစင်ခြင်းဆိုတဲ့ ကြိုးလေးနဲ့………
ငါ့မေတ္တာကို အသာဖယ်
နင်ပျော်ဖို့အတွက် စကားကြွယ်ရင်း
နင့်အတွေးတွေထဲ သာယာစေခဲ့တယ်……
နင့်အတွက်ဆိုတဲ့ ခံစားချက်နဲ့
ကဗျာတွေရေး အချိန်တွေပေးပြီး
တခါတလေ ငါ့အားငယ်စိတ်တွေ
ပျောက်ခဲ့သေးတယ်………
ဖွင့်ပြောဖို့ စဉ်းစားတိုင်း
ခင်မင်မှုတွေ ယိမ်းယိုင်မှာစိုးလို့
ခံစားချက်တွေမြိုသိပ်
တိတ်တိတ်လေးငိုခဲ့ဖူးတယ်………
အခုတော့……
နင့်ရဲ့ ဖြူစင်ခြင်းတွေအောက်
ငါ……အရှုံးတွေကောက်ယူရင်း
ငါ့အပြုံးတွေ ပျောက်ခဲ့တာ
ကြာပြီပေါ့ဟာ…………
ဟိုဘက်ဒီဘက်
ကမ်းနှစ်ဖက်ကို ဆက်သွယ်ချင်ရင်
တံတားလေးထိုး
လှေလှော်ရသလို
တအားလည်းမတိုးပဲ
ခဏလေးနဲ့ ရောက်မယ်ဆိုတဲ့
အတွေးနဲ့လေ………
နင့်အချစ်ကိုရဖို့
တအားလည်းမတိုး
ဖြူစင်ခြင်းဆိုတဲ့ ကြိုးလေးနဲ့………
ငါ့မေတ္တာကို အသာဖယ်
နင်ပျော်ဖို့အတွက် စကားကြွယ်ရင်း
နင့်အတွေးတွေထဲ သာယာစေခဲ့တယ်……
နင့်အတွက်ဆိုတဲ့ ခံစားချက်နဲ့
ကဗျာတွေရေး အချိန်တွေပေးပြီး
တခါတလေ ငါ့အားငယ်စိတ်တွေ
ပျောက်ခဲ့သေးတယ်………
ဖွင့်ပြောဖို့ စဉ်းစားတိုင်း
ခင်မင်မှုတွေ ယိမ်းယိုင်မှာစိုးလို့
ခံစားချက်တွေမြိုသိပ်
တိတ်တိတ်လေးငိုခဲ့ဖူးတယ်………
အခုတော့……
နင့်ရဲ့ ဖြူစင်ခြင်းတွေအောက်
ငါ……အရှုံးတွေကောက်ယူရင်း
ငါ့အပြုံးတွေ ပျောက်ခဲ့တာ
ကြာပြီပေါ့ဟာ…………
Leader
ဒီမှာသူငယ်ချင်း...
မင်းဘာရည်ရွယ်ချက်တွေပဲရှိရှိ
ဘာတွေကိုပဲလုပ်လုပ်
လုပ်ဖို့ဆုံးဖြတ်လိုပြီဆိုတာနဲ့ 
'ဖြစ်ရမယ်' ဆိုတဲ့စကားကလွဲပြီး
ကျန်တာဘာမှခေါင်းထဲမထည့်နဲ့တော့
လောကကြီးဆိုတာဒီလိုပဲကွ...
အားလုံးနဲ့ခွဲထွက်လိုက်ပြီဆိုတာ နဲ့
မင်းကိုပျက်ရယ်ဝိုင်းပြုကြလိမ့် မယ်...
မင်းကိုအရူးလို့သတ်မှတ်ကြလိမ့်မ ယ်...
အဲဒါတွေကမင်းဘာမှဖြစ်မလာသေးခင်မှာတွေ့ကြုံရမယ့်အခက်အခဲတွေပေါ့
အေး...ဖြစ်သွားပြီဆိုရင်တော့
ရူးနေတာကနေထူးသွားပြီ
ခုနကအသံတွေတိတ်သွားပြီ
မင်းကိုတအံ့တသြနဲ့ ဝိုင်းကြည့်ကြပြီး
မင်းနောက်ကိုလိုက်လုပ်ကြပြီပေါ့ ......
မင်းဘာရည်ရွယ်ချက်တွေပဲရှိရှိ
ဘာတွေကိုပဲလုပ်လုပ်
လုပ်ဖို့ဆုံးဖြတ်လိုပြီဆိုတာနဲ
'ဖြစ်ရမယ်' ဆိုတဲ့စကားကလွဲပြီး
ကျန်တာဘာမှခေါင်းထဲမထည့်နဲ့တော့
လောကကြီးဆိုတာဒီလိုပဲကွ...
အားလုံးနဲ့ခွဲထွက်လိုက်ပြီဆိုတာ
မင်းကိုပျက်ရယ်ဝိုင်းပြုကြလိမ့်
မင်းကိုအရူးလို့သတ်မှတ်ကြလိမ့်မ
အဲဒါတွေကမင်းဘာမှဖြစ်မလာသေးခင်မ
အေး...ဖြစ်သွားပြီဆိုရင်တော့
ရူးနေတာကနေထူးသွားပြီ
ခုနကအသံတွေတိတ်သွားပြီ
မင်းကိုတအံ့တသြနဲ့ ဝိုင်းကြည့်ကြပြီး
မင်းနောက်ကိုလိုက်လုပ်ကြပြီပေါ့
"လေ့လာဆင်ခြင်သင့်တယ်နော်"
ကိုယ်တိုင်ရှာသော ငွေဖြင့် ဖုန်းဘေလ် ဖြည့်ရသောကြောင့်
Miss Call ပို့ခြင်း သည်းခံပါ။
- အားနာလို့ ဖုန်းပြန်ဆက်တာကို ဘေလ်ပေါတယ်လို့ မထင်ပါနှင့်။
- ယခုဖြည့်သော ဖုန်းဘေလ်သည် မကြာခင် အင်တာနက် နှေးခ
ပေးရန်ဖြစ်သည်။ ထို့ကြောင့် Game Request များ၊
ဇွတ်အတင်းအဓမ္မ Invite လုပ်ခြင်းများ သည်းခံပါ။
- အချစ် နှင့် ဖုန်းဘေလ်အား မရောထွေးပါနှင့်။ ချစ်ခြင်းတရားအား
ဖုန်းဘေလ်ဖြည့်ခိုင်း၍ သက်သေပြခိုင်းခြင်းမှ ရှောင်ကျဉ်ပါ။
- SMS တစ်စောင် (၂၅)ကျပ်နှုန်း ရှိသဖြင့် တစ်စောင်တည်းတွင်
စာလုံးရေ အပြည့်ရေးခြင်းဖြင့် ခြွေတာပါ။
- လူနှင့်ဖုန်းဘေလ် အတူမနေ၊ ခြွေတာသုံးစွဲ လူလည်ပဲ။
- Connection မကောင်းချိန် အင်တာနက်မသုံးခြင်းဖြင့် သင့်ဖုန်းဘေလ် ကြာရှည် တည်တံ့ခိုင်မြဲနိုင်ပေမည်။
- သိန်း(၂၀)တန်၊ (၅)သိန်းတန်၊ (၂)သိန်းတန်၊ (၁၅၀၀)တန် ဆိုပြီး အဆင့်တန်းတွေ မခွဲခြားပါနှင့်။ အင်တာနက်သုံးလျင် စက်ဝိုင်းလည်တာခြင်း အတူတူပင်ဖြစ်သောကြောင့် အားလုံး တန်းတူပင်ဖြစ်သည်။
- အ၀င် Call များအား လို တို ရှင်း ပြောခြင်းဖြင့် ကူညီပါ မိတ်ဆွေ။

"PR" ဘာလဲ.. ဘယ်လဲ...
fb
ပေါ်က တော်တော်များများ... PR စနစ် ဆိုတာကို.. ပြောပြောနေတာ တွေ့နေရတယ်..
တကယ်နားလည်လို့ပဲပြောနေတာလား.. ကြားဖူးနားဝတွေနဲ့ပြောနေတာလားတော့ မသိဘူး.. ဒါကြောင့်.. ကျွန်တော်သိသလောက်.. PR အကြောင်းလေး .. share ပေးချင်လို့ပါ.. -
-
-
-
ဒီနေ့အချို့သော နိုင်ငံရေးပါတီများနဲ့ ဂျာနယ်များမှာ ရေးနေတဲ့ PR စနစ်ဆိုတာ ပါတီစုံရွေးကောက်ပွဲများတွင် အချိုးကျ ကိုယ်စားပြုစနစ်(Proportional Representatin System)ကို ခေါ်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ၁၉၅၁-၅၂၊၁၉၅၆-၁၉၆၀ခုနှစ်များမှာ
ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲများမှာ(First Past the Post
System-FPTP)စနစ်ကိုဘဲ ကျင့်သုံးခဲ့ကြတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ်
ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲမှာလည်း မဲဆန္ဒနယ်တစ်ခု
ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ် လောင်း(ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း)များအနက်
မဲအများဆုံး ရရှိသူတစ်ဦးသာ အနိုင်ရတဲ့သူ ကိုယ်စားလှယ်အဖြစ်
ရွေးတဲ့စနစ်ကို ကျင့်သုံးခဲ့ တာပါ။ ဒီစနစ်ဟာ(First Past the Post System
FPTP)ပါဘဲ။
FPTP စနစ်ကတော့ ပြည်သူလူထုမဲဆန္ဒရှင်အားလုံး ကျင့်သုံးဆောင်ရွက်ခဲ့ပြီးဖြစ် လို့ ဒီစနစ်နဲပက ရင်းနှီးနေပြီးဖြစ်ပါတယ်။ဒါကြော င့် အထူးရှင်းပြမနေတော့ပါဘူး။ဒါပေမဲ့  ပြည်သူလူထုမဲဆန္ဒရှင်များအတွက် ထူးခြားနေတဲ့ အစိမ်းသက်သက်ဖြစ်နေတဲ့ PR စနစ် ဆိုတာကို နည်းနည်းရှင်းပြခြင်းဖြစ်ပါတယ်။
ပါတီစုံအထွေထွေရွေးကောက်ပွဲတွေမှာ
PR စနစ်ကျင့်သုံးတဲ့ နိုင်ငံပေါင်း(၈၀)ကျော် ရှိနေတာကို တွေ့ရှိရပါတယ်။PR
စနစ် အတွင်းမှာတင် ကျင့်သုံးတဲ့ နည်းလမ်း(၃)မျိုး
လောက်ရှိနေတာတွေ့ရကြောင်း၊အဲဒါေ တွရဲ့အသေးစိတ်ကို နောင်မှ ရှင်းပြပါမယ်ဗျာ။ခုတော့ PR စနစ်ကိုဘဲ ရှင်းပြချင်တာပါ။
အချိုးကျ ကိုယ်စားပြုစနစ်ဆိုတာ(Proportio nal Representatin System:PR System)ရွေးကောက်ပွဲမှာ ရရှိတဲ့ မဲအနည်းအများ အချိုးအစားအလိုက် လွှတ်တော်ကိုယ်စားလှယ်နေရာများကို(လွှတ်တော်အမတ်)၀င်ရောက် ယှဉ်ပြိုင် သော ပါတီများသို့ခွဲဝေပေးတဲ့စနစ်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် မဲဆန္ဒရှင်တွေဟာ ယုံကြည်ချက် များကို ကိုယ်စားပြုမယ့် လွှတ်တော်ကိုယ်စားလှယ်များ ရရှိမှာဖြစ်ပါတယ်။
PR စနစ်ကို ပထမဆုံးကျင့်သုံးတဲ့ နိုင်ငံကတော့ ဒိန်းမတ်နိုင်ငံဖြစ်တယ်လို့ လေ့လာ သိရှိရပါတယ်။PR စနစ်နဲ့ သဘောကတော့ နိုင်ငံရေးပါတီများ၊ဒါမှမဟုတ် အုပ်စုတွေများ ပြီး ကိုယ်စားလှယ်လောင်းတစ်ဦးထက်ပို နေသော
မဲဆန္ဒနယ်တွေမှာ ယှဉ်ပြိုင်ရပြီး မိမိတို့ ပါတီ သို့မဟုတ် မိမိတို့အုပ်စုက
ရရှိတဲ့ မဲဆန္ဒအရေအတွက်ပေါ် မူတည်ပြီး ကိုယ် စားလှယ်လောင်းနေရာများကို
အချိုးကျခွဲဝေရရှိနိုင်တဲ့ ရွေးကောက်ပွဲစနစ်ဖြစ်ပါတယ်။
ရွေးကောက်ပွဲ စနစ်တိုင်းမှာတော့ အားသာချက်၊အားနည်းချက် ဆိုတာ ရှိနေပါတယ်။ PR စနစ်မှာလည်း ဒီလိုဘဲ။ အားသာချက်ကတော့
(၁) ပါတီငယ်တွေကို ထောက်ခံသူများအပါအ၀င် နိုင်ငံရေးအုပ်စုအားလုံး ကိုယ်စား ပြုမှုကို ခံစားရခြင်း။
(၂) မဲဆန္ဒရှင်များအဖို့ ရွေးချယ်ခွင့်ပိုရသောကြောင့် မဲထည့်မည့်သူ အရေအတွက် ပိုများလာနိုင်ခြင်း။
(၃) လွှတ်တော်များတွင် ပါတီကိုယ်စားပြုသည့်အရေအတွက် ပိုများလာခြင်း။
(၄) ပါတီများမှ တင်ပြလာသည့် ကိုယ်စားလှယ်လောင်းများ စာရင်းတွင် အရည် အချင်းရှိသူများပါဝင်လာခြင်း။
(၅) လူမျိုးစုံ၊ဘာသာစုံ၊ကိုယ်စားလှယ်များ ပိုလာပြီး အမျိုးသမီးများလည်း ပါဝင်လာ နိုင်ခြင်း။
(၆) အင်အားကြီးသော ပါတီကြီးတစ်ခုက လွှတ်တော်အား ကြီးစိုးထားမှုမှ ကာကွယ် နိုင်ခြင်း။
(၇) ကိုယ်စားလှယ်လောင်းတစ်ဦးသည် သတ်မှတ်ခဲမရရှိပါက မဲအနည်းဆုံးကိုယ်စား လှယ်လောင်းကို ထုတ်ပယ်၍ ယင်း၏မဲများကို အခြားကိုယ်စားလှယ်လောင်းများ အားမျှတစွာ ဝေငှခြင်း။
PR စနစ်မှာ အားနည်းချက်များလည်း ရှိနေပါတယ်။
(၁) မဲဆန္ဒရှင်များနဲ့ ကိုယ်စားလှယ် နီးကပ်စွာ ဆက်ဆံမှုလျော့နည်းတာကြောင့် တာဝန်ယူ တာဝန်ခံမှု အားနည်းခြင်း။
(၂) ပါတီစုံမှ ကိုယ်စားလှယ်များ၊ အများစုပါဝင်လာ၍ အစိုးရဖွဲ့ရာတွင် ညွှန့်ပေါင်းအစိုးရ ဖြစ်လာနိုင်ခြင်း။
(၃) ညွှန့်ပေါင်းအစိုးရများ ဖြစ်လာတတ်၍ ရေရှည်တွင် စည်းလုံးမှု ပျက်ပြားနိုင်ခြင်း။
(၄) လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါတီက ရွေးရာတွင် ပါတီတွင်းပြဿနာများ ဖြစ်လာနိုင်ခြင်း။
(၅) ငွေများများ တတ်နိုင်ပါက တစ်တိုင်းပြည်လုံးဝင်ရောက်အရွေး ခဲ့နိုင်သောကြောင့် ပါတီတစ်ခုသည် ကိုယ်စားလှယ်လောင်းများစွာ ရသွားနိုင်ခြင်း။
(၆) လက်နက်ကိုင်ဆောင်ထားသော သောင်းကျန်းသူများလည်း လွှတ်တော်တွင် နေရာ ရလာနိုင်၍ တိုင်းပြည်အေးချမ်းမှု အားနည်းလာနိုင်ခြင်း။
ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ အခုလောလောဆယ် ကျယ်ကျယ်လောင် လောင် ပြောနေကြတဲ့ PR စနစ်ဆိုတာ ဒါပါဘဲဗျာ။အားသာချက်ရှိသလို
အားနည်းချက်ရှိတာပါဘဲ။ပြည်သူလူထုကြီးတစ်ရပ်လုံး အကောင်းအဆိုးစဉ်းစားဝေ
ဖန်နိုင်ကြပါစေ....။
-
-
-
ဒီနေ့အချို့သော နိုင်ငံရေးပါတီများနဲ့ ဂျာနယ်များမှာ ရေးနေတဲ့ PR စနစ်ဆိုတာ ပါတီစုံရွေးကောက်ပွဲများတွင် အချိုးကျ ကိုယ်စားပြုစနစ်(Proportional Representatin System)ကို ခေါ်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ၁၉၅၁-၅၂၊၁၉၅၆-၁၉၆၀ခုနှစ်များမှာ
FPTP စနစ်ကတော့ ပြည်သူလူထုမဲဆန္ဒရှင်အားလုံး ကျင့်သုံးဆောင်ရွက်ခဲ့ပြီးဖြစ် လို့ ဒီစနစ်နဲပက ရင်းနှီးနေပြီးဖြစ်ပါတယ်။ဒါကြော
ပါတီစုံအထွေထွေရွေးကောက်ပွဲတွေမ
အချိုးကျ ကိုယ်စားပြုစနစ်ဆိုတာ(Proportio
PR စနစ်ကို ပထမဆုံးကျင့်သုံးတဲ့ နိုင်ငံကတော့ ဒိန်းမတ်နိုင်ငံဖြစ်တယ်လို့ လေ့လာ သိရှိရပါတယ်။PR စနစ်နဲ့ သဘောကတော့ နိုင်ငံရေးပါတီများ၊ဒါမှမဟုတ် အုပ်စုတွေများ ပြီး ကိုယ်စားလှယ်လောင်းတစ်ဦးထက်ပို
ရွေးကောက်ပွဲ စနစ်တိုင်းမှာတော့ အားသာချက်၊အားနည်းချက် ဆိုတာ ရှိနေပါတယ်။ PR စနစ်မှာလည်း ဒီလိုဘဲ။ အားသာချက်ကတော့
(၁) ပါတီငယ်တွေကို ထောက်ခံသူများအပါအ၀င် နိုင်ငံရေးအုပ်စုအားလုံး ကိုယ်စား ပြုမှုကို ခံစားရခြင်း။
(၂) မဲဆန္ဒရှင်များအဖို့ ရွေးချယ်ခွင့်ပိုရသောကြောင့် မဲထည့်မည့်သူ အရေအတွက် ပိုများလာနိုင်ခြင်း။
(၃) လွှတ်တော်များတွင် ပါတီကိုယ်စားပြုသည့်အရေအတွက် ပိုများလာခြင်း။
(၄) ပါတီများမှ တင်ပြလာသည့် ကိုယ်စားလှယ်လောင်းများ စာရင်းတွင် အရည် အချင်းရှိသူများပါဝင်လာခြင်း။
(၅) လူမျိုးစုံ၊ဘာသာစုံ၊ကိုယ်စားလှယ
(၆) အင်အားကြီးသော ပါတီကြီးတစ်ခုက လွှတ်တော်အား ကြီးစိုးထားမှုမှ ကာကွယ် နိုင်ခြင်း။
(၇) ကိုယ်စားလှယ်လောင်းတစ်ဦးသည် သတ်မှတ်ခဲမရရှိပါက မဲအနည်းဆုံးကိုယ်စား လှယ်လောင်းကို ထုတ်ပယ်၍ ယင်း၏မဲများကို အခြားကိုယ်စားလှယ်လောင်းများ အားမျှတစွာ ဝေငှခြင်း။
PR စနစ်မှာ အားနည်းချက်များလည်း ရှိနေပါတယ်။
(၁) မဲဆန္ဒရှင်များနဲ့ ကိုယ်စားလှယ် နီးကပ်စွာ ဆက်ဆံမှုလျော့နည်းတာကြောင့် တာဝန်ယူ တာဝန်ခံမှု အားနည်းခြင်း။
(၂) ပါတီစုံမှ ကိုယ်စားလှယ်များ၊ အများစုပါဝင်လာ၍ အစိုးရဖွဲ့ရာတွင် ညွှန့်ပေါင်းအစိုးရ ဖြစ်လာနိုင်ခြင်း။
(၃) ညွှန့်ပေါင်းအစိုးရများ ဖြစ်လာတတ်၍ ရေရှည်တွင် စည်းလုံးမှု ပျက်ပြားနိုင်ခြင်း။
(၄) လွှတ်တော်ကိုယ်စားလှယ်လောင်းများ
(၅) ငွေများများ တတ်နိုင်ပါက တစ်တိုင်းပြည်လုံးဝင်ရောက်အရွေး
(၆) လက်နက်ကိုင်ဆောင်ထားသော သောင်းကျန်းသူများလည်း လွှတ်တော်တွင် နေရာ ရလာနိုင်၍ တိုင်းပြည်အေးချမ်းမှု အားနည်းလာနိုင်ခြင်း။
ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ အခုလောလောဆယ် ကျယ်ကျယ်လောင် လောင် ပြောနေကြတဲ့ PR စနစ်ဆိုတာ ဒါပါဘဲဗျာ။အားသာချက်ရှိသလို
အားနည်းချက်ရှိတာပါဘဲ။ပြည်သူလူထ
ဖန်နိုင်ကြပါစေ....။
မြစ်
-စည်း အကာအရံတွေ လုပ်ပြီးမှ
လူတွေလို နေထိုင်ခဲ့တာမဟုတ်ဘူး
ကိုယ့်လမ်းကြောင်းအတိုင်း စီးဆင်းပြီးမှ
ကမ်းလုပ်ခဲ့တာပါ။
-နေထွက်တာ နေဝင်တာတွေ ရပ်ပြီး မငေးခဲ့ဘူး
လရောင်နဲ့ကြယ်ရောင်တွေအကြောင်းလဲ မသိခဲ့ဘူး
လေညင်းနဲ့ မုန်တိုင်းအကြောင်းလည်း မစဉ်းစားခဲ့ဘူး
-ကိုယ် ပင်လယ်တွေဆီသွားနေတာ လို့ တစ်စုံတစ်ဦးက ပြောတယ်
ကိုယ်ပင်လယ်တွေဆီသွားနေတာလို့ တစ်စုံတစ်ရာ မသိခဲ့ဘူး
ဗောတိုင်စိုက်ထူတာတွေလည်း အမှတ်သညာ မရှိခဲ့ဘူး။
-ကိုယ်နဲ့ဆက်နွယ်ပြီး လူတွေ စိမ်းလန်းချင်စိမ်းလန်းမယ်
ဂုဏ်ယူဖို့ ဝမ်းသာဖို့ဆိုတာ အဆင်သင့်မရှိခဲ့ဘူး။
-ကိုယ်ဘာကောင်ဆိုတာ ကိုယ်စိတ်ဝင်စားတယ်
ကိုယ်ဘာကောင်ဆိုတာ ကိုယ်သိတယ်
ကိုယ်ဟာ မြစ် ပါ
ကိုယ့်လောကဓံနဲ့ကိုယ် စီးဆင်းနေတဲ့
ကိုယ်ဟာ မြစ် တစ်စင်းပါပဲ။
လူတွေလို နေထိုင်ခဲ့တာမဟုတ်ဘူး
ကိုယ့်လမ်းကြောင်းအတိုင်း စီးဆင်းပြီးမှ
ကမ်းလုပ်ခဲ့တာပါ။
-နေထွက်တာ နေဝင်တာတွေ ရပ်ပြီး မငေးခဲ့ဘူး
လရောင်နဲ့ကြယ်ရောင်တွေအကြောင်းလ
လေညင်းနဲ့ မုန်တိုင်းအကြောင်းလည်း မစဉ်းစားခဲ့ဘူး
-ကိုယ် ပင်လယ်တွေဆီသွားနေတာ လို့ တစ်စုံတစ်ဦးက ပြောတယ်
ကိုယ်ပင်လယ်တွေဆီသွားနေတာလို့ တစ်စုံတစ်ရာ မသိခဲ့ဘူး
ဗောတိုင်စိုက်ထူတာတွေလည်း အမှတ်သညာ မရှိခဲ့ဘူး။
-ကိုယ်နဲ့ဆက်နွယ်ပြီး လူတွေ စိမ်းလန်းချင်စိမ်းလန်းမယ်
ဂုဏ်ယူဖို့ ဝမ်းသာဖို့ဆိုတာ အဆင်သင့်မရှိခဲ့ဘူး။
-ကိုယ်ဘာကောင်ဆိုတာ ကိုယ်စိတ်ဝင်စားတယ်
ကိုယ်ဘာကောင်ဆိုတာ ကိုယ်သိတယ်
ကိုယ်ဟာ မြစ် ပါ
ကိုယ့်လောကဓံနဲ့ကိုယ် စီးဆင်းနေတဲ့
ကိုယ်ဟာ မြစ် တစ်စင်းပါပဲ။
လမြတ်ဝါဆို
``သန္ဓေ, တောထွက်၊ ဓမ္မစက်၊
ဟောမြွက်လ၀ါဆို´´ဟူသည်နှင့်အညီ မြန်မာ ၁၂-လတို့တွင် လေးခုမြောက်ဖြစ်သော
ဝါဆိုလ၌ ဂေါတမဘုရားအလောင်းတော်သည် ပဋိသန္ဓေနေတော်မူခဲ့သည်။
ဘုရားအဖြစ်ကိုကျင့်ရန် တောထွက်တော် မူခဲ့သည်။ ဘုရားဖြစ်တော်မူပြီးနောက်
ပထမဆုံးတရားဦးဓမ္မစကြာကို
ဟောကြားတော်မူခဲ့သည်။ ထို့ပြင် ဤ၀ါဆိုလ၌ ဘုရားရှင်သည် ရေမီးအစုံစုံသော
တန်ခိုးပြာဋိဟာကို ပြတော်မူခဲ့သည်။ ပဉ္စ၀ဂ္ဂီငါးဦးတို့ရှေ့၌ ဘုရားအဖြစ်ကို
ဝန်ခံတော်မူခဲ့သည်။ ဓမ္မစကြာတရားတည်းဟူသော တရားရတနာ စတင်ပေါ်ပေါက်ခဲ့သည်။
ပဉ္စ၀ဂ္ဂီငါးဦးတည်းဟူ သော သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့သည်။ ``ဧဟိ
ဘိက္ခု´´ဟူသောစကားကို စတင်ကြားခွင့်ရခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်
မြန်မာလူမျိုးတို့အနေဖြင့် ဤ၀ါဆိုလကို လထူးလမြတ်တစ်ခုအဖြစ်
သတ်မှတ်ခဲ့ကြသည်။
``၀ါဆိုလ´´ဟူရာ၌ ၀ါ-မှာ ၀ါသ-ဟူသောပါဠိမှဆင်းသက်လာပြီး ``နေခြင်း´´ဟု အဓိပ္ပါယ်ရသည်။ ဆို-မှာ ``ရွတ်ဆိုခြင်း´´ဟုအဓိပ္ပါယ်ရသည်။ ``၀ါဆိုလ´´၏အဓိပ္ပါယ်အပြည့်အစုံမှာ ရဟန်းတော်များ ၀ါတွင်း(မိုးတွင်း) သုံးလပတ်လုံး မိမိတို့သီတင်းသုံးရာကျောင်း၌နေပါမည်ဟု ရွတ်ဆိုကတိပြုသောလဟု အဓိပ္ပါယ်ရကြောင်း မှတ်သားရပါသည်။ ရှေးအခါက ``၀ါဆိုလ´´ကို ``မြွယ်တာလ´´ဟူ၍ခေါ်ဆိုကြောင်း သိရသည်။ မြွယ်-မှာ ``လယ်မြေ´´ဟူ၍အဓိပ္ပါယ်ရပြီး တာ-မှာ ``တိုင်းတာခြင်း´´ဟူ၍အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ၀ါဆိုလကို ရှေးအခါက ``မြွယ်တာလ=လယ်မြေများတိုင်းတာသောလ´´ဟူ၍လည်း အဓိပ္ပါယ်ရကြောင်း မှတ်သားရပါသည်။
ဤ၀ါဆိုလတွင် ဗုဒ္ဓဘာသာဝင်ရဟန်းသံဃာတော်များ မိုးတွင်းသုံးလပတ်လုံး မိမိတို့ကျောင်း၌ နေထိုင်ရန် ၀ါဆိုဝါကပ်ကြသည်။ ဗုဒ္ဓဘာသာဝင် ဒါယကာ/ဒါယိကာမတို့သည်လည်း ၀ါဆိုဝါကပ်တော်မူကြသော သံဃာတော် အရှင်သူမြတ်တို့အား မိမိတို့တတ်စွမ်းသည့် ၀ါဆိုသင်္ကန်းတို့ကို ဆက်ကပ်လှူဒါန်းကြသည်။ ရဟန်းသံဃာတော် တို့သည် နှစ်စဉ်နှစ်တိုင်း ၀ါဆိုလပြည့်ကျော်(၁)ရက်နေ့၌ ၀ါဆိုဝါကပ်တော်မူကြပြီး သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့၌ ၀ါကျွတ်ကြသည်။ ပထမ၀ါဆို၊ ဒုတိယ၀ါဆိုအားဖြင့် ၀ါဆိုလနှစ်လရှိသောနှစ်(၀ါထပ်သောနှစ်)တွင် ဒုတိယ၀ါဆိုလပြည့်ကျော်(၁)ရက်နေ့၌ ၀ါဆိုဝါကပ်တော်မူကြရသည်။ အရေးပေါ်ကိစ္စတစ်ခုခုကြောင့် ၀ါဆိုလ၌ ၀ါဆိုဝါကပ်ခြင်းမပြုနိုင်ကြသော ရဟန်းသံဃာတော်များမှာ ၀ါခေါင်လပြည့်ကျော်(၁)ရက်နေ့၌ ၀ါဆိုဝါကပ်တော် မူကြရပြီး တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်နေ့၌ ၀ါကျွတ်ကြရသည်။ ပုံမှန်ဝါဆိုလ၌ ၀ါဆိုဝါကပ်ခြင်းကို ပုရိမ၀ါဆိုသည်ဟု ခေါ်ဝေါ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ၀ါခေါင်လမှ ၀ါဆိုဝါကပ်ခြင်းကို ပစ္ဆိမ၀ါဆိုသည်ဟု ခေါ်ဝေါ်သည်။
ရဟန်းသံဃာတော်များ ၀ါဆိုဝါကပ်ရခြင်းအကြောင်းမှာ အောက်ပါအတိုင်းဖြစ်သည်။ မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းသံဃာတော်များသည် နွေ, မိုး, ဆောင်း ဥတုသုံးပါးလုံး ခရီးလှည့်လည်သွားလာကြသည်။ မိုးတွင်းကာလ တောင်သူလယ်သမားတို့ လယ်ယာစိုက်ပျိုး ချိန်တွင် ခရီးလှည့်လည်ကြသော သံဃာတော်တို့ကြောင့် စိုက်ပျိုးထားသော ကောက်ပဲသီးနှံများ ပျက်စီးကြရသည်။ ထိုအခါ ဒကာ/ဒကာမ တောင်သူလယ်သမားများက ခရီးလှည့်လည်သွားလာကြသော ရဟန်းသံဃာတော်များကို ကဲ့ရဲ့ပြစ်တင်ကြသည်။
``သာသနာပတိတ္ထိများသည်ပင် ဤကဲ့သို့မိုးတွင်းကာလ၌ ခရီးမသွားကြ၊ တိရစ္ဆာန်ငှက်များသည်ပင် ဤမိုးတွင်းကာလ၌ အရပ်တပါးသို့ မပျံသန်းကြဘဲ မိမိတို့အသိုက်အတွင်း၌ နေကြသည်။ ဤသာသနာတွင်း၌နေကြသော ငါတို့ကိုးကွယ်ရာ ရဟန်းတော်များသည် မိမိတို့နေရာ၌ အေးအေးဆေးဆေးမနေကြဘဲ မိုးတွင်းကြီး၌ ခရီးလှည့်လည်ကြသည်။ ထို့ကြောင့် ငါတို့စိုက်ပျိုးထားသော ကောက်ပဲသီးနှံများ ပျက်စီးကြရသည်´´ ဤကဲ့သို့ ပြည်သူ/ပြည်သား ဒကာ/ဒကာမတို့က မိုးတွင်း၌ခရီးလှည့်လည်ကြသော ရဟန်းသံဃာတော်များကို ကဲ့ရဲ့ပြစ်တင်စကားဆိုကြသည်။ ထိုအကြောင်းကို ဘုရားရှင်ကြားသိတော်မူသောအခါ ရဟန်းသံဃာတော်အားလုံး ၀ါတွင်း(မိုးတွင်း)ကာလ၌ ခရီးလှည့်လည်ခြင်းမပြုဘဲ ၀ါတွင်းသုံးလပတ်လုံး မိမိတို့၏ကျောင်းတိုက်အတွင်း၌ ၀ါဆိုဝါကပ်ခြင်းပြု၍ ရဟန်းတရားပွားများအားထုတ်ရန် ပညတ်တော်မူသည်။ ထို့ပြင် ၀ါကျိုး ၀ါပြတ် ၀ါမကပ်ကြသော ရဟန်းတော်များအား ဒုက္ကဋ်အာပတ်သင့်စေဟု သိက္ခာပုဒ်ပညတ်တော်မူခဲ့သည်။
ထိုကဲ့သို့ ၀ါဆိုဝါကပ်တော်မူကြသော ရဟန်းသံဃာတော်များမှာ ၀ါမကျွတ်ခင်ဝါတွင်း၌ အရေးအကြောင်းကိစ္စမရှိဘဲ အရပ်တပါးသို့ ညဥ့်အိပ်ညဥ့်နေ မသွားရပေ။ အကယ်၍ မဖြစ်မနေသွားရမည့် အရေးကြီးကိစ္စပေါ်လာလျှင် ၀ါပန်ပြီး သွားခွင့်ရှိသည်။ သို့သော် (၇)ရက်ကျော်အောင်နေခွင့်မရှိပေ။ ၀ါပန်သည့်နေ့မှ (၇)ရက်မကျော်မီ မိမိမူလသီတင်းသုံး ၀ါဆိုသည့်ဌာနသို့ ပြန်လာကြရသည်။ ဤသည်တို့မှာ ရဟန်းသံဃာတော်များ ၀ါဆိုဝါကပ်ခြင်းနှင့် ၀ါပန်ခြင်း အကြောင်းများဖြစ်သည်။
ထို့ပြင် ၀ါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့အတွက် အလွန်ထူးမြတ်သော ဓမ္မစကြာအခါတော် နေ့လည်းဖြစ်ပေသည်။ လွန်ခဲ့သော မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ၀ါဆိုလပြည့်နေ့အခါက ကျွန်ုပ်တို့ကိုးကွယ်ရာ ဂေါတမဘုရားရှင်သည် ``ဘိက္ခူနံ ပဉ္စ၀ဂ္ဂီနံ´´အစချီသော ဓမ္မစကြာတရားတော်မြတ်ကြီးကို အရှင်ကောဏ္ဍညအမှူး ပြုသော ပဉ္စ၀ဂ္ဂီငါးဦးတို့အား အဦးဆုံးဟောကြားတော်မူခဲ့သည်။ ထို့ကြောင့် ၀ါဆိုလပြည့်နေ့ကို ဗုဒ္ဓဘာသာဝင်များက ``ဓမ္မစကြာအခါတော်နေ့´´ဟု သတ်မှတ်ခဲ့ကြသည်။
ဝါတွင်းကာလ ဥပုသ်နေ့များ၌ ဗုဒ္ဓဘာသာဝင် ဒကာ/ဒကာမအပေါင်းတို့သည် မိမိတို့နှင့်နီးစပ်ရာ ရပ်ကွက်ဓမ္မာရုံ များသို့လည်းကောင်း၊ ဘုန်းတော်ကြီးကျောင်းများသို့လည်းကောင်း သွားရောက်၍ သီတင်းသီလဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်း-စသော ကုသိုလ်အမှုတို့ကို ပြုလုပ်ကြသည်။ ထို့ပြင် အမျိုးသမီးများသည် အသင်းအဖွဲ့ များစုပြီး ဓမ္မစကြာတရားတော်ကို ရွတ်ဖတ်ပူဇော်လေ့ရှိကြသည်။ အချို့လူငယ်လူရွယ်များမှာ မိမိတို့ရပ်ကွက် အတွင်း၌ အသင်းများဖွဲ့၍ ၀ါတွင်းဥပုသ်နေ့နံနက်တိုင်း ဘုံဆွမ်းများလောင်းလှူလေ့ရှိကြသည်။
ဤကဲ့သို့ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့၏ ကုသိုလ်ကောင်းမှု များပြုလုပ်ရာလ ဖြစ်သောကြောင့်လည်းကောင်း၊ ရဟန်းသံဃာတော်များ ၀ါဆိုဝါကပ်၍ ရဟန်းတရား အားထုတ်ရာလ ဖြစ်သောကြောင့်လည်းကောင်း၊ ဘုရားရှင်၏ ပဋိသန္ဓေယူရာ, တောထွက်ရာ, ဓမ္မစကြာတရားဦးဟောတော်မူရာလ ဖြစ်သောကြောင့်လည်းကောင်း ဤ၀ါဆိုလကို အလွန်ထူးမြတ်သော ``လမြတ်ဝါဆို´´ဟု ခေါ်ဝေါ်မှုပြုခဲ့ကြသည်။

''Thiss, too, shall pass away.''
-ကောင်းကင်ပြင် ကြယ်စင်ချိန်မှာ
-တိမ်တိုက်တွေလာနိုင်တာ သတိထားပါ
-အမှောင်ထဲ ရှိသည့်အခါ
-ပေါ်လာမည့် အလင်းရောင်ကို ငံ့လင့်ပါ
-ယနေ့ သင့်ကံကြမ္မာ မည်သို့ပင်ဖြစ်စေ
-''ဒါလည်းပြီးသွားမည်'' ဆိုတာ သတိရပါ …
-တိမ်တိုက်တွေလာနိုင်တာ သတိထားပါ
-အမှောင်ထဲ ရှိသည့်အခါ
-ပေါ်လာမည့် အလင်းရောင်ကို ငံ့လင့်ပါ
-ယနေ့ သင့်ကံကြမ္မာ မည်သို့ပင်ဖြစ်စေ
-''ဒါလည်းပြီးသွားမည်'' ဆိုတာ သတိရပါ …
မဖြစ်သင့်တာပါ
စဉ်းစားကြည့်ရင် ရယ်စရာဗျ။
ဟိုလူအလုပ်တစ်ခုကို အကြာကြီး အချိန်ယူပြီးလုပ်နေရင် သိပ်နှေးကွေးတဲ့ လူ လို့ပြောတယ်။ကိုယ်ကြာနေရင်တော့ အဲဒါစေ့စပ်သေချာတာတဲ့။
ကိစ္စတစ်ခု ဟိုလူမလုပ်ရင် ပျင်းတာ။ ကိုယ်မလုပ်တာက အလုပ်များလို့။
ကိစ္စတစ်ခုကို သူ့လုပ်ပါမပြောဘဲနဲ့ ဟိုလူ ထလုပ်ရင် အဲဒိလူ ဘောင်ကျော်တာ။ ကိုယ်လုပ်တာဆိုရင်တော့ အလုပ်လပ်မြင်တာ / လုပ်သင့်တဲ့ အလုပ်ကို ကိုယ့်ဥာဏ်နဲ့ကိုယ် တီထွင်ကြံဆပြီး လုပ်တတ်တာ။
ဟိုလူက အယူအဆတစ်ခုကို အကြောက်အကန် ပြောနေရင် အဲဒါ တစ်စောက်ကန်း တစ်ယူသန်။ကိုယ်ဆိုရင်တော့ သဘောထားပြတ်သားခိုင်မာတာ။
အစဉ်အလာ ကျင့်ဝတ်စည်းကမ်းတစ်ခုတစ်လေ ဟိုလူချိုးဖောက်ရင် အဲဒီလူ ယဉ်ကျေးမှုမရှိတာ။ကိုယ်ဂရုမစိုက်ရင်တော့ ဟာ…မရဘူး ကျွန်တော်က ကိုယ့်ပုံစံနဲ့ကိုယ်ပဲ။ …တဲ့။

Money
It is
said that for money you can have everything, but you cannot.You can buy
food, but not appetite; medicine, but not health; knowledge, but not
wisdom; glitter, but not beauty; fun, but not joy; acquaintances, but
not friends; servants, but not faithfulness; leisure, but not peace. You
can husk of everything for #money, but not the kernel.
[Arne Garbog]
[Arne Garbog]
Friday, June 27, 2014
MHR Business Institute Centre II
MHR Centre ကို လွန်ခဲ့သည့်
၁၅ နှစ်မှ စတင် တည်ထောင်ခဲ့ပြီး MHR Centre II ကို ၂၀၀၇ ခုနှစ်တွင်
စတင်ခဲ့သည်။ MHR Centre သည် ၁၉၉၈ ခုနှစ်မှ စ၍ မြန်မာနိုင်ငံတွင် ပထမဦးဆုံး
ABE (UK) ၏ ဒီပလိုမာ များ အားလုံးနှင့် အဆင့်အားလုံးကို သင်ကြားပေးနေသည့်
သင်တန်းကျောင်း ဖြစ်သည်။ သင်ကြားမှု သက်တမ်း ၁၅ နှစ်ရှိပြီး
ကမ္ဘာအမှတ်အများဆုံးဆုရှင် ၃၀ ဦးကိုလည်း မွေးထုတ်ထားသည်။ ABE (UK)
အဖွဲ့ကြီးမှ ချီးမြှင့်သည့် ABE ဒီပလိုမာများ သင်ကြားမှုအကောင်းဆုံး
သင်တန်းကျောင်းဆု ကိုလည်း MHR မှ ရရှိခဲ့သည်။
MHR Centre II တွင် Business Management, Travel, Tourism & Hospitality Management, Business Start-up and Entrepreneur ship, Human Resource Management, Marketing Management, Business Management (Financial Management Pathway) စသည့် ဘာသာရပ်များသင်ကြားနိုင်ပြီး ဘဏ္ဍာရေးနှင့် ဆိုင်သည့် CIMA သင်တန်းကိုလည်း ဖွင့်လှစ်ထားသည်။ ကျောင်း သားများအတွက် သင်တန်း တစ်ခုပြီးတိုင်း ၂၀ ရာခိုင်နှုန်း Discount ပေးပြီး ထူးချွန်စွာ အောင်မြင် သူများကို ပညာသင်ဆုချီးမြှင့်ပေးလျက် ရှိသည်။
Business Management
အသက် ၁၆ နှစ်ရှိပြီး တက္ကသိုလ်ဝင်တန်း အဆင့်ရှိပါက QCF Level 4 Diploma ၄ဘာသာကို ၆ လ တက်ရောက်နိုင်မည်ဖြစ်ပြီး အသက် ၁၈ နှစ်နှင့် တက္ကသိုလ် ဒုတိယနှစ်အောင်မြင်ပြီးပါက QCF Level 5 Diploma 8 ဘာသာကို ၁၅ လတက်ရောက်နိုင်သည်။ ဘွဲ့တစ်ခုခုရရှိပြီး လုပ်သက်မရှိပါက QCF Level 6 Diploma 5 ဘာသာကို ၆ လ တက်ရောက်၍ ဘွဲ့တစ်ခုခုနှင့် အရာရှိအဆင့်လုပ်သက်များပါက QCF Level 7 Diploma 5 ဘာသာရပ်ကို ၁၂ လတက်ရောက်နိုင်သည်။
Travel, Tourism & Hospitality Management
အသက် ၁၆ နှစ်နှင့် တက္ကသိုလ်ဝင်တန်း အဆင့်ရှိပါက QCF Level 4 Diploma 4 ဘာသာကို ၆ လ တက်ရောက်နိုင်ပြီး အသက် ၁၈ နှစ်နှင့် တက္ကသိုလ် ဒုတိ ယနှစ် အောင်မြင်ပြီးလျှင် QCF Level 5 Diploma 8 ဘာသာကို ၁၅ လ တက်ရောက်နိုင်သည်။ ဘွဲ့တစ်ခုခုရရှိပြီး သက်ဆိုင်ရာ လုပ်သက်ရှိလျှင် QCF Level 6 Diploma 5 ဘာသာကို ၆ လ တက်ရောက် ရမည်။
Business Start-up and Entrepreneurship
အောင်မြင်သည့် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခုကို စနစ်တကျ ဦးဆောင်တည်ထောင်လိုသူများအတွက် QCF Level 4 Diploma 4 ဘာသာကို ၆ လ တက်ရောက် ရမည်။
Human Resource Management
အသက် ၁၆ နှစ်နှင့် တက္ကသိုလ်ဝင်တန်း အဆင့်ရှိလျှင် QCF Level 4 Diploma ၄ ဘာသာကို ၆ လ တက်ရောက် သင်ယူနိုင်ပြီး အသက် ၁၈ နှစ်နှင့် တက္ကသိုလ်ဒုတိယနှစ် အောင်မြင်ပြီးလျှင် QCF Level 5 Diploma ၈ ဘာသာကို ၁၅ လ တက်ရောက်နိုင်သည်။ ဘွဲ့တစ်ခုခု ရရှိပြီး သက်ဆိုင်ရာ လုပ်သက်မရှိပါက QCF Level 6 Diploma 5 ဘာသာကို ၆ လ သင်ကြားရမည်။
Marketing Management
အသက် ၁၆ နှစ်နှင့် တက္ကသိုလ်ဝင်တန်း အဆင့်ရှိလျှင် QCF Level 4 Diploma 4 ဘာသာကို ၆ လ တက်ရောက်ရမည်ဖြစ်ပြီး အသက် ၁၈ နှစ်နှင့် တက္ကသိုလ် ဒုတိယနှစ် အောင်မြင်ပြီး လျှင် QCF Level 5 Diploma 8 ဘာသာကို ၁၅ လ သင်ကြားရမည်။ ဘွဲ့တစ်ခုခု ရရှိပြီး သက်ဆိုင်ရာ လုပ်သက်မရှိပါက QCF Level 6 Diploma 5 ဘာသာကို ၆ လ တက်ရောက်ရမည် ဖြစ်သည်။
Business Management (Financial Management Pathway)အသက် ၁၆ နှစ်နှင့် တက္ကသိုလ်ဝင်တန်း အဆင့်ရှိလျှင် QCF Level 4 Diploma 4 ဘာသာကို ၆ လ သင်ယူနိုင်မည်ဖြစ်ပြီး အသက် ၁၈ နှစ်နှင့် တက္ကသိုလ် ဒုတိယနှစ် အောင်မြင်ပြီးလျှင် QCF Level 5 Diploma 8 ဘာသာကို ၁၅ လ တက်ရောက်ရမည်။ ဘွဲ့တစ်ခုခုရရှိပြီး သက်ဆိုင်ရာ လုပ်သက်ရှိလျှင် QCF Level 6 Diploma 5 ဘာသာကို ၆ လ သင်ယူရမည်။
ကျောင်းအကြောင်း စုံစမ်းနိုင်မည့် လိပ်စာ
MHR Centre II
အခန်း ၂၇၊ မြေညီထပ်၊ အဆောင်-စီ၊ Eco Apartment ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်မြို့၊
ဖုန်း-၀၉-၇၃၂၂၃၇၇၇၊ ၀၉-၈၆၂၈၈၇၈
အင်တာနက်ဂျာနယ်

ရွေးချယ်ခွင့်
တယောက်ထဲ
လျှောက်တဲ.----လမ်း
နှစ်ယောက်တွဲလျှောက်လို.
ပိုကြမ်းသွားနိုင်လား။
ခုလုတ်တိုက်မှာကြောက်ရင်
လမ်းမလျှောက်ပါနဲ..
ဆူးစူးမှာစိုးရင်
တောမတိုးပါနဲ.
ပန်းကြွေမှာမခံနိုင်ရင်
ပန်းဆင်ဖို.မစဉ်းစားပါနဲ.။
တခုခုကိုဆုံးရှုံးမှာကြောက်သူတိုင်း
အမြတ်နိုးဆုံးကို ဆုံးရှုံးရတတ်တယ်။
အချစ်ရှိလျှက် ချစ်သူလက်
တွဲဖို. ခက်ရင်
ဒီ----- တသက်တော.
ဒို.--------------------ဝေးပြီ။
လျှောက်တဲ.----လမ်း
နှစ်ယောက်တွဲလျှောက်လို.
ပိုကြမ်းသွားနိုင်လား။
ခုလုတ်တိုက်မှာကြောက်ရင်
လမ်းမလျှောက်ပါနဲ..
ဆူးစူးမှာစိုးရင်
တောမတိုးပါနဲ.
ပန်းကြွေမှာမခံနိုင်ရင်
ပန်းဆင်ဖို.မစဉ်းစားပါနဲ.။
တခုခုကိုဆုံးရှုံးမှာကြောက်သူတိုင်း
အမြတ်နိုးဆုံးကို ဆုံးရှုံးရတတ်တယ်။
အချစ်ရှိလျှက် ချစ်သူလက်
တွဲဖို. ခက်ရင်
ဒီ----- တသက်တော.
ဒို.--------------------ဝေးပြီ။
ခင်ပွန်းကြီး (၁၀)ပါး
“ခင်ပွန်းကြီးဆယ်ပါး”
၁။
သဗ္ဗညုဘုရားသခင်
၂။
ပစ္စေကဗုဒ္ဓါ
၃။
သာဝကရဟန္တာ
၎။
လက်က်ျာရံ လက်ဝဲရံ
၅။
အမိ
၆။
အဖ
၇။
ဆရာ
၈။
အဖန်တလဲလဲ မပြတ်ဆုံးမပေတတ် ဆရာမြတ်
၉။
ပေးကမ်းဖူးသောသူ
၁၀။
တရားဟောပေးသောသူ
မိတ္တာနန
္တိ ဗုဒ္ဓါဒီနံ ကလျာဏမိတ္တာနံ န ဒုဗ္ဘတိ ဟူသော (ဇာ၊ဋ္ဌ၊၆၊၁၉) အဋ္ဌကထာပါဠိကို မိတ္တနန္တိ
မိတ္တနံဟူ သည်ကား ဗုဒ္ဓါဒီနံ- ဘုရားအစရှိကုန်သော၊ ကလျာဏ မိတ္တနံ-
အဆွေခင်ပွန်းကောင်းတို့အား၊ န ဒုဗ္ဘတိ- မပြစ် မှား။ ဗုဒ္ဓါဒီနံ- ၌အာဒိသဒ္ဒါဖြင့်
ပစ္စေကဗုဒ္ဓါ သာဝက အဂ္ဂသာဝက အမိ အဖ ဆရာ ရတနာသုံးပါး၌ ကြည်ညို သောသူ
ပစ္စည်းဝတ္ထုပေးကမ်းပေသောသူ တရားဟောပေသောသူ ဤသို့၉- ယောက်သော ကလျာဏမိတ္တကို ယူ၊
ထိုကြောင့် အဋ္ဌကထာဆရာတို့သည်- ဗုဒ္ဓေါ ပစ္စေကဗုဒ္ဓါ သာဝကာ အဂ္ဂသာဝကာ စ မာတာ ပိတု ဂရု
သဒ္ဒါ ပစ္စယဒါယကာ ဓမ္မဒေသနာ ဟူ၍ ဆိုတော်မူကုန်၏(အဋ္ဌကထာဆရာတို့ဟု ဆိုသော်လည်း
မည်သည့်အဋ္ဌကထာဟု မသိရ၊ ဂါထာလည်းမဟုတ်)ဗုဒ္ဓေါ စ - သဗ္ဗညုဘုရားလည်းကောင်း၊ ပေစ္စကဗုဒ္ဓေါ
စ- ပစ္စေကဗုဒ္ဓါလည်းကောင်း၊ သာဝက စ- သာဝကလည်း ကောင်း၊ အဂ္ဂသာဝကာ စ- လက်ျာရံ
လက်ဝဲရံဖြစ်သော တပည့်သားမြတ်နှစ်ပါးတို့လည်းကောင်း၊ မာတာ စ- အဖလည်းကောင်း၊ ဂရု စ-
အလေးအမြတ်ပြုအပ်သော ဆရာလည်းကောင်း၊ သဒ္ဒါ စ- ရတနာသုံးပါး၌ သဒ္ဒါယုံ ကြည်သော
သူတို့လည်းကောင်း၊ ဓမ္မဒေသ နာ စ - တရားဟောပေသော သူလည်းကောင်း၊ က္ကုတိ -ဤသို့၊ ဒသ-
၁၀ပါးကုန်သော၊ ကလျာဏမိတ္တာ- အဆွေခင်ပွန်းကောင်းတို့သည်၊ ဟောန္တိ - ဖြစ်ကုန်၏
Friday, June 6, 2014
“လုပ်စရာတွေ၊လုပ်ချင်တာတွေနဲ့အလုပ်များနေတဲ့ကြားက..ကိုယ့်ဘ၀ရဲ့ ရည်မှန်းချက်တွေ အောင်မြင်အောင် စီမံခန့်ခွဲတဲ့ နည်း..” ( ဒေါက်တာ အောင်မျိုး )
အခုတလော ကိုယ့်ကိုကိုယ် မေးခွန်းတခု
မေးဖြစ်တယ်၊”ငါ အလုပ်တွေသိပ်ရှုပ်လွန်းနေပြီလား၊ Multi-tasking
အလုပ်လုပ်စရာတွေသိပ်များပြီး အမှန်တကယ် လုပ်သင့်တာတွေကို
ထိထိရောက်ရောက် မလုပ်ဖြစ်ဘူး ဖြစ်နေပြီလား”…လို့ ။
ကိုယ့်လုပ်ငန်း၊မိသားစုအရေး၊လူမှုရေးတွေနဲ့ မအားရတဲ့ ကြားကFacebook
ကသူငယ်ချင်းတွေရဲ့  post တွေ ၀င်ဖတ်ချင်၊ မြန်မာပြည်ကသတင်းတွေလဲ
သိချင်သေးတယ်၊ Linkedin ၀င်ပြီး ပညာရပ်ဆိုင်ရာတွေဆွေးနွေးဖြစ်သေးတယ်၊
email လဲနေ့ တိုင်း check ရမယ်၊ စာပြန်စရာရှိရင် ပြန် ဖို့ လိုတယ်၊TED
Talks က ဟောပြောတာတွေလဲနားထောင်ချင်သေးတယ်။ TV လဲဖွင့်လိုက်အုန်းမှ CNN
လဲကြည့်ချင်သေးတယ်၊ လူငယ်တွေအကျိုးနိုင်ရှိတဲ့  စာတွေလဲနဲနဲရေးချင်တယ်၊
ကျန်းမာရေးအတွက်အားကစားလဲ နဲနဲ လုပ်ချင်သေးတယ်၊တရားထိုင်ဖို
့အချိန်လေးလဲရှိရင်ကောင်းမှာပဲ၊သားရဲ့ ကျောင်းက မိဘဆရာအသင်း
အစည်းအဝေးတောင်မေ့သွားလို့ မတက်လိုက်ရဘူး၊များလိုက်တဲ့ အလုပ်တွေ။
အလုပ်လုပ်စရာတွေသိပ်များလာရင် လုပ်သင့်တဲ့အလုပ်တွေ မှာ ထိထိရောက်ရောက်
အောင်အောင်မြင်မြင် လုပ် နိုင်ဖို့ ခက်လာတာအမှန်ပဲ။effective နဲ
့productive သိပ်မဖြစ်နိုင်ဘူးပေါ့ ၊ အဲဒါကိုဘယ်လို စီမံခန့် ခွဲရရင်
ကောင်းမလဲ…လဲစဉ်းစားမိတယ်။
ကိုယ်တယောက်ထဲ
အလုပ်ရှုတ်နေသလားလို့ ဘေးဘက်ကြည့်လိုက်တော့ အားလုံးလဲ သူ့ဟာနဲ့ သူ
အလုပ် ရှုတ် နေကြတာပဲကိုး။ ရထားပေါ်မှာ၊busကား
တွေပေါ်မှာတောင်မအားရပါ့လား၊message ပို့ တဲ့သူပို
့၊သီချင်းနားထောင်သူနားထောင်၊ email check သူ check နဲ့ ။မြန်မာပြည်က
သူငယ်ချင်းတွေနဲ့ စကားပြောတော့ သူတို့ လဲ
အလုပ်ရှတ်နေတာပဲ။စီးပွားရေး၊လူမှုရေး၊ကိုယ့် အရေး၊အများအရေးတွေနဲ့ ။
အဲဒီများနေတဲ့အထဲမှာတခုကတော့..သိချင်၊ကြည့်ချင်၊သိရ၊ကြည့်ရမဲ့
အကြောင်းအရာတွေ ပိုများလာတာပဲ။ mobile phone တွေ၊internet နဲ
့computer,tablet တွေပေါ်လာတာ communication ဆက်သွယ်ရေးကို အရင်ရာစုနှစ်
ထက် အဆပေါင်းများစွာကောင်းလာစေခဲ့ တယ်၊ တနိုင်ငံနဲ့ တ နိုင်ငံ ဆက်သွယ်ရတာ
အလွန်အမင်း လွယ်ကူလာပြီး ကမ္ဘာကြီးဟာတကယ့်ရွာကြီးတခုလိုဖြစ်သွားခဲ့ ပြီ။
ဒါပေမယ့်
external input အပြင်က၀င်လာတဲ့သတင်းတွေ၊ အကြောင်းအရာတွေက သိပ်များလာတယ်၊
ဖတ်လို့ မကုန်၊မှတ်လို့ မကုန်၊ကြည့်လို့ မကုန်ပဲ ဆိုတာအားလုံးအသိပဲ။
ကျနော်တို့ မှာ တွေးရမယ့်အချိန်တွေ၊ နားနားနေနေနေရမဲ့အချိန်တွေ၊ မိသားစု
အေးအေးဆေးဆေး စကားပြောချိန်တွေ နဲသွား သလိုပဲ၊ အိမ်ထဲမှာအတူနေတာတောင်
အဖေက email checkနေ၊အမေက facebook ပေါ်မှာ၊သား က computer game နဲ
့၊တယောက်နဲ့ တယောက်စကားပြောဖို့ အချိန်မရှိသလောက်ပဲ၊
အလုပ်တွေရှုတ်နေလိုက်ကြတာ၊ လုပ်စရာတွေ၊လုပ်ချင်တာတွေ
တော်တော်များလာတဲ့ခေတ်ပါ့လား။
ဒါတွေကို ဘယ်လိုစီမံခန်
့ခွဲရင်ကောင်းမလဲ..လို့ တွေးကြည့်တော့ ဖျတ်ကနဲပဲ..Stephen Covey ရဲ့  The
7 habits of highly effective people (ထိရောက်အောင်မြင်အောင်
လုပ်နိုင်စွမ်းရှိတဲ့သူတွေမှာ ရှိတဲ့အလေ့အထ ၇ခု)
စာအုပ်ကိုပြေးမြင်မိတယ်၊ဒီစာအုပ်ဟာ စီမံခန့် ခွဲမှု နယ်ပယ်၊personal
development
မိမိကိုယ်ကိုဖွံဖြိုးအောင်လုပ်တဲ့နယ်ပယ်မှာလူကြိုက်များ၊ကျော်ကြားတဲ့
စာအုပ်တအုပ်ပါ။ နိုင်ငံတကာ company တော်တော်များမျုားဟာ သူတို
့ဝန်ထမ်းတွေရဲ့ self-development ဖွံ့ ဖြိုးမှု အတွက် ဒီစာအုပ်ကို
ညွှန်းလေ့ရှိကြတယ်။
အဲဒီစာအုပ်ထဲက… Time Management
Matrix (အချိန်ကိုစီမံခန့် ခွဲခြင်း) ကိုသတိရတယ်။တကယ်တော့ ..ဒါဟာ
အချိန်ကိုစီမံခန့် ခွဲတာထက် မိမိကိုယ်ကို ကိုယ် စီမံခန်
့ခွဲတဲ့အကြောင်းပါ။
************************************************
သူက
စပြောတယ်…….လူအများစုဟာ လုပ်စရာတွေအမြောက်အများနဲ့ အလုပ်တွေနဲ့ ပိနေ၊
အလုပ်ရှတ်နေကြပြီး မိမိရည်မှန်းချက်၊
မိမိတန်ဖိုးထားတဲ့အရာတွေအတွက်လုပ်ရမဲ့ အလုပ်တွေကိုကြတော့မေ့
သလိုဖြစ်နေကြပုံရတယ်.တဲ့၊ဒါ့ကြောင့်လဲ လူအများစုဟာ မိမိရည်မှန်းချက်တွေ
ရောက်အောင် ထိထိရောက်ရောက်အောင်အောင်မြင် မြင်
မလုပ်နိုင်ဘူးဖြစ်နေကြတာ၊တကယ်တော့ ကိုယ့် ရဲ့ အချိန်တွေ၊Energy
ကိုယ်စွမ်း၊ဥာဏ်စွမ်းတွေကို အဲဒီကိုယ့်အတွက် အရေးကြီးတဲ့အလုပ်တွေမှာ
အဓိကထား သုံးရမှာ..တဲ့။
သူက..လုပ်ရမဲ့အလုပ်တွေ၊လုပ်စရာ၊လုပ်ချင်တာတွေကို ပထမ..အောက်က ဇယားအတိုင်း အမျိုးအစားခွဲဖို့ အကြံပေးပါတယ်
|
အလုပ် ( ၁ ) Urgent - ချက်ခြင်းလုပ်ရမယ် Important - အရေးကြီးတယ် |
အလုပ် ( ၂ ) Not Urgent - ချက်ခြင်းလုပ်စရာမလို Important - အရေးကြီးတယ် |
|
အလုပ် ( ၃ ) Urgent - ချက်ခြင်းလုပ်ရမယ် Not Important - အရေးမကြီး |
အလုပ် ( ၄ ) Not Urgent - ချက်ခြင်းလုပ်စရာမလို Not Important - အရေးမကြီး |
အဲဒီမှာ..အရေးကြီးတယ်(IMPORTANT)ဆိုတာက….မိမိ
ဘ၀၊ရည်မှန်းချက်နဲ့ ဆက်စပ်တဲ့ အရာ တွေ(ဥပမာ..အောင်မြင်တဲ့
ပညာရှင်တွေ။လုပ်ငန်းရှင်တွေဖြစ်ချင်တာ) မိမိဘ၀မှာတန်ဖိုးထားတဲ့အရာတွေ
(ဥပမာ..ပျော်ရွှင်တဲ့မိသားစုဘ၀တို့ အများအကျိုးဆောင်ရွက်ချင်တာတို့ )
ကိုဆိုလိုတာပါ၊(ကိုယ့်အတွက်ဖြစ်ဖြစ်၊ အများအတွက်ဖြစ်ဖြစ်ပေါ့ )။
ဥပမာပြောရရင်…ကျောင်းသားဆိုရင် စာမေးပွဲအောင်ဖို့ ၊ထူးချွန်ဖို့ တို
့၊၀န်ထမ်းဆိုရင်လဲ အလုပ်မှာ တာဝန်ကျေဖို့ ၊
စီးပွားရေးလုပ်ငန်းလုပ်နေတဲ့ သူကလဲ လုပ်ငန်းအောင်မြင်ဖို
့၊မိဘဘ၀ရောက်နေရင်လဲ မိဘတာဝန်ကျေပွန် ဖို့ ၊အများအတွက်စေတနာ
့ဝန်ထမ်းလုပ်နေရင်လဲ အဲဒီလူမှုရေးလုပ်ငန်း အတွက်… အစရှိတာတွေပေါ့၊
ကိုယ်ရောက်နေတဲ့ ဘ၀ကိုအခြေခံပြီးတွေးကြည့်ရင် ကိုယ့်ဘ၀၊ ရည်မှန်း ချက်နဲ
့ဆက်စပ်တဲ့ အရာတွေ၊အရေးကြီးတဲ့အရာတွေ ပေါ် လာမှာပါ။
URGENT
ဆိုတာကတော့အားလုံးသိတိုင်းအတိုင်း အခု
ချက်ချင်းလုပ်ရမှာပေါ့၊အဲဒီတော့ URGENT နဲ့ IMPORTANT ပေါ် မူတည်ပြီးအလုပ်
၎မျိုးထွက်လာတာတွေ့ ပါလိမ့် မယ်။
အလုပ်(၁) URGENT and IMPORTANT (ချက်ချင်းလဲလုပ်ရမယ်၊ အရေးလဲကြီးတယ်ဆိုတဲ့အလုပ်) ..ဥပမာ
ကျောင်းသားဆိုကြပါစို့ ၊စာမေးပွဲကနောက်တပတ်ထဲမှာဆိုရင် စာကြည့်ဖို.ဟာ
သူ့ အတွက်Urgent and Important ပေါ့၊အလုပ်ရှာနေတဲ့၊Scholarship programme
ရှာနေတဲ့  လူငယ်တွေဆိုရင်လဲ. .အလုပ်တခ၊ုScholarshipတခု ခေါ်နေတာတွေ
့တယ်၊ကိုယ်နဲလဲကိုက်တယ်၊ဒါဆိုရင် ဒါဟာ သူ့ အတွက် Urgent and Important
ပေါ့၊…အဲဒါအလုပ်မျိုးက ချက်ချင်းအရေးတကြီးကို အဲဒီပေါ်မှာ သေသေချာချာ
အာရုံစိုက်လုပ်ရမှာ၊ ဒါကိုတော့အားလုံးလုပ်ဖြစ်မှာပါ။
အလုပ်(၂)NOT....URGENTbutIMPORTATNT(အရေးကြီးတယ်၊ချက်ချင်းတော့မလိုသေးဘူးဆိုတဲ့အလုပ်မျိုး)..ဥပမာ
ကျောင်းသားတွေအတွက်ဆိုရင်အတန်းသစ်တတန်းတက်တာနဲ
့သင်တဲ့စာတွေစလေ့လာရမယ်ဆိုတာမျိုးပေါ့ ၊ဘာလို
့လဲဆိုတော့အခုချက်ချင်uးrgent မလိုသေးပေမယ့်
ကိုယ့်အတွက်အရေးကြီးတယ်၊နှစ်ကုန်လို့ စာမေးပွဲဖြေရင်ဒီဟာကurgent
ဖြစ်သွားမှာမဟုတ်လား၊ လူကြီးတွေကတော့
ကိုယ့်ကိုကိုယ်တွေးယူရင်ရပါတယ်၊ဥပမာ..ကိုယ့်မှာ သားသမီးလဲရှိတယ်၊အခု
သူတို့ က ငယ်သေးပေမယ့်နောက်၅နှစ်၊၆နှစ်လောက်ဆို တက္ကသိုလ်၊ကောလိပ် ပို
့ရတော့မှာ၊ချက်ချင်း urgent တော့ငွေမလိုသေးဘူး၊ ဒါပေမယ်
့ဒါဟာကိုယ့်ဘ၀အတွက်တကယ်အရေးကြီးတယ်၊Importantပေါ့၊ငွေကြို စုထားမှ
ဆိုတာမျိုးပေါ့။
Steven Covey ကတော့ ဒီအလုပ်မျိုးကိုတော်တော် အလေးထားပြောတယ်၊ ထိရောက်အောင်မြင်ချင်တဲ့ သူဟာ ဒီအလုပ်မျိုးဦးစားပေးလုပ်ရမှာတဲ့၊
ဘာလို့လဲဆိုတော့ ဒီအလုပ်တွေ ဟာနောက်တော့သေချာပေါက် “URGENT and
IMPORTATNT (ချက်ချင်းလဲလုပ်ရမယ်၊ အရေးလဲကြီးတယ်ဆိုတဲ့အလုပ်)”
ဖြစ်သွားမှာ၊ မဖြစ်မနေလုပ်မှာ။ကြိုစဉ်းစား၊ကြိုစီမံ
ထားရင်အေးအေးဆေးဆေးလဲလုပ်နိုင်တယ်၊ တကယ်တန်းလုပ်ရမဲ့အချိန်
ရောက်လာတော့လဲ အဆင်သင့်ဖြစ်တာပေါ့ ..တဲ့၊ နောက်အချက်က..လူသဘောက
ချက်ချင်းလုပ်စရာမလိုသေးရင် ပေါ့ပေါ့ဆဆနေတတ်၊ မေ့နေတတ်တယ်။
ဒီအလုပ်မျိုးကမေ့လို့ မရဘူး၊ဘာလို့ လဲဆိုတော့မိမိရည်မှန်းချက်၊
မိမိတန်ဖိုးထားတဲ့အရာတွေကိုပေးစွမ်းမဲ့ အလုပ်တွေဖြစ်နေလို့ ပေါ့။
တကယ်တော့ကျနော်တို
့မှာလဲဒီလိုအတွေ့ အကြုံတွေကျောင်းသားဘ၀ မှာရှိခဲ့ဘူးကြပါတယ်လို
့ကျနော်ထင်တယ်၊ ကျောင်းစာကို နှစ်စကစပြီးနဲနဲချင်း ပြင်ဆင်လာတဲ
့ကျောင်းသားနဲ့ စာမေးပွဲနီးမှ သိမ်းကြုံးကြည့်ရတဲ့
ကျောင်းသားမတူသလိုပေါ့ဗျာ၊ Steven Covey က ဒါကို ဘ၀တလျှောက်လုံးမှာ
သုံးစေချင်တာ။
အလုပ်(၃) URGENT but NOT IMPORTATNT (ချက်ချင်းလုပ်ရမဲ့ပုံပဲ၊ ဒါပေမယ့် အရေးတော့မကြီးဘူး .. ဆိုတဲ့အလုပ် မျိုး) ဥပမာ..TV
မှာကိုယ်ကြိုက်တဲ့ ကိုရီးယားဇာတ်လမ်းတွဲက အပိုင်းတပိုင်းလာတာမျိုး၊
သူငယ်ချင်းတွေက လဘက်ရည်ဆိုင်လှမ်းခေါ်တဲ့ အခါမျိုးနေမှာပေါ
့၊ရှေ့ကပြောခဲ့တဲ့အလုပ်၂မျိုး အလုပ်(၁)နဲ့အလုပ်(၂)တွေနဲ့
့တိုက်ဆိုင်မနေရင်၊ အချိန်ပိုလဲရှိနေရင် လုပ်ပေါ့ဗျာ။အလုပ်(၄)NOT URGENT, NOT IMPORTATNT(အရေးလဲမကြီး၊ချက်ချင်းလဲလုပ်ဖို့ မလိုတဲ့ လုပ် မျိုး)…အဲဒါကတော့  ကိုယ့်ကိုကိုယ်သာစဉ်းစားကြပေတော့။
Steven Covey ကတော့ ထိရောက်အောင်မြင်ချင်ရင် အဲဒီ အလုပ်(၃)နဲ့ အလုပ်(၄)အလုပ် မျိုးကို ကို နဲနိုင်သမျှနဲပါစေ…လို့အကြံပြုပါတယ်။
ထိရောက်အောင်မြင်အောင်လုပ်နိုင်တဲ့သူတွေဟာ အလုပ်(၁)နဲ့ (၂)မှာပဲ မိမိအချိန်နဲ့ စွမ်းအားတွေကို ပိုသုံးကြတယ်၊ဘာလို့ လဲဆိုတော့ ဒီအလုပ်မျိုးတွေဟာ URGENTချက်ချင်းလုပ်ဖို့ လိုသည်ဖြစ်စေ၊မလို သည်ဖြစ်စေ.. ကိုယ့်ဘ၀ရဲ့ရည်မှန်းချက်၊ပန်းတိုင်၊ကိုယ်တန်ဖိုးထားတဲ့အရာတွေကိုရရှိစေမဲ့ IMPORTANT အလုပ်မျိုးတွေဖြစ်လို့ ပဲလို့ သူကဆိုပါတယ်၊ အဲဒီ၂ခုထဲကမှ အလုပ်(၂) ကတော့အရေးကြီးဆုံးပေါ့ဗျာ..လို့  ထပ်အကြံပေးထားပါတယ်။”Quadrant II is the heart of effective personal management”တဲ့။
*****************************************************
ကဲ..ဒီတော့...ကျနော်တို့ လဲ ဒီ exercise လေ့ကျင့်ခန်းလေးလုပ်ကြည့်လိုက်ကြရအောင်…
- ပထမဦးဆုံး စာရွက်တရွက်ပေါ်မှာ…ကိုယ်အခုလုပ်နေတဲ့အလုပ်တွေ၊လုပ်ချင်တဲ့ အလုပ်တွေ ချရေးပါ၊
- နောက်ပြီး..ကိုယ့်ရဲ့ ရည်မှန်းချက်၊ကိုယ်တန်ဖိုးထားတဲ့ အရာတွေအတွက်လုပ်ရ မဲ့ အလုပ်တွေကိုလဲ သေချာတွေးပြီးချရေးပါ၊
- ပြီးရင် ဒီအလုပ်တွေ(အားလုံးစုစုပေါင်း)ကို အထက်ဇယားလေးထဲ သေချာတွေးပြီး သက်ဆိုင်ရာအကွက်တွေမှာ ထဲ့ကြည့်လိုက်ရအောင်၊
- ကဲအခု..သူ့ အကွက်ထဲသူနဲ့ သက်ဆိုင်တဲ့အလုပ်တွေ ရေးထဲ့ပြီးပြီ၊
- အလုပ်(၃)နဲ့ အလုပ်(၄)ထဲကအလုပ်တွေကို သိပ်များနေရင် တတ်နိုင်သမျှ လျှော့အောင်လုပ်ပါ၊ အဲဒီအတွက်အချိန်နဲ့ စွမ်းအားတွေသိပ်မကုန်ပါစေနဲ့ ၊
- အလုပ်(၁)နဲ့အလုပ်(၂)တွေအလုပ်တွေထဲကအတွက် အချိန်တွေ၊ကိုယ်စွမ်းဥာဏ်စွမ်းတွေ အစွမ်းကုန်ထဲ့  လုပ်ပါ၊
- အဲဒီဇယားလေးကို ကိုယ်မြင်သာ တဲ့နေရာမှာထားပြီး နေ့ တိုင်း မိမိအလုပ်တွေကို ပြန်ဆန်းစစ်နေပါ၊အလုပ်(၁)နဲ့အလုပ်(၂)က အလုပ်တွေကိုမှာငါအားနည်းနေသလား၊ အလုပ်(၃)နဲ့အလုပ်(၄)ကအလုပ်တွေနဲ့ သိပ်အလုပ်ရှတ်လွန်းနေပြီလားဆိုတာကိုပေါ့ ။
ဘ၀မှာ
ဒီလိုစနစ်တကျလုပ်ရင်ဘ၀မှာဘယ်မှာ မအောင်မြင်စရာရှိမလဲဗျာ။
နိုင်ငံတကာမှာကျင့်သုံး နေတဲ့ ၊ နိုင်ငံတကာအဆင့်မီ၊ ပေမီထောက်မီ..
အတွေးအခေါ် တွေ၊ကျင့်စဉ်၊စနစ်တွေအတိုင်း ကျင့်သုံးနေတာပဲ။ တကယ်လုပ်ဖို
့တော့လိုတာပေါ့။
အားလုံး ပျော်ရွှင်၊အောင်မြင်ကြပါစေ..
ဒေါက်တာအောင်မျို:
Monday, May 12, 2014
အမေ့အိမ်
<
ကျွန်ုပ် ရေးမည်။
"အမေ့အိမ်"
* နေညိုညို ၊ လေချိုနမ်းတော့
စံပယ်ပန်း အပျိုစင်
အရွက်မှာ မျက်နှာဝှက်
ရှက်တဲ့အသွင် ။
အိမ်ရှေ့က ပန်းဥယျာဉ်
အိမ်ပြင်ထိ ကြူမွှေး။
မောင့်မေမေ သူ့အစွမ်း
ချီးမွမ်းဖွယ်လေး။
* ခရမ်းချဉ် ဂေါ်ဖီထုပ်
ဆူးပုတ်နဲ့ မုံလာ။
အိမ်နောက်မှာ စားပင်စိုက်
နှစ်ခြိုက်စရာ။
ဘူးစင်ကြီးဝေေ၀ဆာ
ခ၀ဲညှာ ကြိုင်သင်း
ဟင်းလျာစုံပါပေ့
မေမေ့စိုက်ခင်း။
* ဖေဖေ့ကိုဦးချလို့
မြူးကြွကြွ ရွှင်စရာ။
ညီမငယ်ညီငယ်ထွေးတို့
လွေးကြပေတာ.။
မောင့်မေမေ့လက်ရာ
တစ်သက်မှာမမေ့ ။
နတ်သုဒ္ဒါယှဉ်မရအောင်
မြိန်လှတယ်လေ့။
* ထက်ကောင်းကင် အရုဏ်စို့
ပျို့တပျို့ ရောင်နီ
မောင့်မေမေ ဓမ္မတေးက
အေးမြပါသည်။
မေတ္တာပို့ ကြေးစည်
အဝေးဆီလွင့်တော့
နားဆင်သူ ဘ၀င်မြူး
ကြည်နူးဖွယ်ပေါ့။
* မြတ်ပညာမပြည့်အိုး
ပြည့်နိုးနိုး ရည်ရွယ်။
ဆောင်းမိုးနွေ မောင်မကြည့်
ဖြည့်ရပါတယ်..။
လူ့ဘ၀စခန်းလယ်..
နွမ်းနယ်ဖွယ် အတိ
အမေ့အိမ် မေတ္တာပန်း
လွမ်းဆွတ်ပါဘိ။ ။
ငွေတာရီ မဂ်ဂဇင်း
(1972 ခုနှစ် ၊ ဇန်န၀ါရီလ)
အမေများနေ့အား.. ကြိုဆိုဂုဏ်ပြုလျှက်........

Subscribe to:
Comments (Atom)