*အမေ့မှာတမ်း ၊ သည်လိုလမ်းဝယ်
သည်ပန်းပန်ပြီး ၊ သည်ခရီးမှာ
သည်ထီးကိုဆောင်း ၊ သင့်အောင်ပြောင်းဟု
အပ်ကြောင်းထပ်မျှ ၊ ကြားဖူးလှလည်း
နားဝမ၀င် ၊ "ပဲပြားပင်" နှင့်
"ပုတ်သင်" ပမာ ၊ ရှက်စရာလျှင်
သိက္ခာမဲ့လှ ၊ ထိုဝါဒဟု
ရှုံ့ချပစ်တင် ၊ ထီမထင်ဘဲ
ရင်ကော့ငြင်းဆန် ၊ ခဲ့သော်လည်း .....။
*သည်မူနှင့်ဆို
သည်လူကိုကပ် ၊ အနေတတ်ခဲ့
အခြေမတ်ကာ ၊ မြင့်တက်လာသူ .....။
*သည်ဆရာဆို
သည်အညှာကိုင် ၊ အထာပိုင်လို့
နိုင်ပွဲဆက်ကာ ၊ ပန်းဝင်လာသူ .....။
*သည်အရေးဆို
သည်ဆေးကိုတိုက် ၊ ကုစားလိုက်ခဲ့
အမြိုက်ချမ်းသာ ၊ ရခဲ့ပါသူ.....။
*ဟိုကွေ့ ဟိုတက် ၊ သည်ကွေ့သည်တက်
တက်မှန်စွာပြောင်း ၊ လက်မညောင်းဘဲ
ရေကြောင်းသင့်ကာ ၊ ရေစီးသာသူ .....။
*သြော် .... သည်အရပ်မှာ
သည်ဇာတ်တွင်ကျယ် ၊ သည်လူ့နယ်မှာ
ကျင်လည်ဖြတ်သန်း ၊ အနွမ်းနွမ်းနှင့်
လက်ပန်းကျခွေ ၊ ဒူးညွတ်လေမှ
အမေမှာကြား ၊ ထိုစကားနှင့်
စကားမှာပါ ၊ စေတနာအတွက်
ရင်နာကြေကွဲရသည်တကား....။ ။

No comments:
Post a Comment