လူတွေလို နေထိုင်ခဲ့တာမဟုတ်ဘူး
ကိုယ့်လမ်းကြောင်းအတိုင်း စီးဆင်းပြီးမှ
ကမ်းလုပ်ခဲ့တာပါ။
-နေထွက်တာ နေဝင်တာတွေ ရပ်ပြီး မငေးခဲ့ဘူး
လရောင်နဲ့ကြယ်ရောင်တွေအကြောင်းလ
လေညင်းနဲ့ မုန်တိုင်းအကြောင်းလည်း မစဉ်းစားခဲ့ဘူး
-ကိုယ် ပင်လယ်တွေဆီသွားနေတာ လို့ တစ်စုံတစ်ဦးက ပြောတယ်
ကိုယ်ပင်လယ်တွေဆီသွားနေတာလို့ တစ်စုံတစ်ရာ မသိခဲ့ဘူး
ဗောတိုင်စိုက်ထူတာတွေလည်း အမှတ်သညာ မရှိခဲ့ဘူး။
-ကိုယ်နဲ့ဆက်နွယ်ပြီး လူတွေ စိမ်းလန်းချင်စိမ်းလန်းမယ်
ဂုဏ်ယူဖို့ ဝမ်းသာဖို့ဆိုတာ အဆင်သင့်မရှိခဲ့ဘူး။
-ကိုယ်ဘာကောင်ဆိုတာ ကိုယ်စိတ်ဝင်စားတယ်
ကိုယ်ဘာကောင်ဆိုတာ ကိုယ်သိတယ်
ကိုယ်ဟာ မြစ် ပါ
ကိုယ့်လောကဓံနဲ့ကိုယ် စီးဆင်းနေတဲ့
ကိုယ်ဟာ မြစ် တစ်စင်းပါပဲ။

No comments:
Post a Comment