အခုတလော ကိုယ့်ကိုကိုယ် မေးခွန်းတခု
မေးဖြစ်တယ်၊”ငါ အလုပ်တွေသိပ်ရှုပ်လွန်းနေပြီလား၊ Multi-tasking
အလုပ်လုပ်စရာတွေသိပ်များပြီး အမှန်တကယ် လုပ်သင့်တာတွေကို
ထိထိရောက်ရောက် မလုပ်ဖြစ်ဘူး ဖြစ်နေပြီလား”…လို့ ။
ကိုယ့်လုပ်ငန်း၊မိသားစုအရေး၊လူမှုရေးတွေနဲ့ မအားရတဲ့ ကြားကFacebook
ကသူငယ်ချင်းတွေရဲ့  post တွေ ၀င်ဖတ်ချင်၊ မြန်မာပြည်ကသတင်းတွေလဲ
သိချင်သေးတယ်၊ Linkedin ၀င်ပြီး ပညာရပ်ဆိုင်ရာတွေဆွေးနွေးဖြစ်သေးတယ်၊
email လဲနေ့ တိုင်း check ရမယ်၊ စာပြန်စရာရှိရင် ပြန် ဖို့ လိုတယ်၊TED
Talks က ဟောပြောတာတွေလဲနားထောင်ချင်သေးတယ်။ TV လဲဖွင့်လိုက်အုန်းမှ CNN
လဲကြည့်ချင်သေးတယ်၊ လူငယ်တွေအကျိုးနိုင်ရှိတဲ့  စာတွေလဲနဲနဲရေးချင်တယ်၊
ကျန်းမာရေးအတွက်အားကစားလဲ နဲနဲ လုပ်ချင်သေးတယ်၊တရားထိုင်ဖို
့အချိန်လေးလဲရှိရင်ကောင်းမှာပဲ၊သားရဲ့ ကျောင်းက မိဘဆရာအသင်း
အစည်းအဝေးတောင်မေ့သွားလို့ မတက်လိုက်ရဘူး၊များလိုက်တဲ့ အလုပ်တွေ။
အလုပ်လုပ်စရာတွေသိပ်များလာရင် လုပ်သင့်တဲ့အလုပ်တွေ မှာ ထိထိရောက်ရောက်
အောင်အောင်မြင်မြင် လုပ် နိုင်ဖို့ ခက်လာတာအမှန်ပဲ။effective နဲ
့productive သိပ်မဖြစ်နိုင်ဘူးပေါ့ ၊ အဲဒါကိုဘယ်လို စီမံခန့် ခွဲရရင်
ကောင်းမလဲ…လဲစဉ်းစားမိတယ်။
ကိုယ်တယောက်ထဲ
အလုပ်ရှုတ်နေသလားလို့ ဘေးဘက်ကြည့်လိုက်တော့ အားလုံးလဲ သူ့ဟာနဲ့ သူ
အလုပ် ရှုတ် နေကြတာပဲကိုး။ ရထားပေါ်မှာ၊busကား
တွေပေါ်မှာတောင်မအားရပါ့လား၊message ပို့ တဲ့သူပို
့၊သီချင်းနားထောင်သူနားထောင်၊ email check သူ check နဲ့ ။မြန်မာပြည်က
သူငယ်ချင်းတွေနဲ့ စကားပြောတော့ သူတို့ လဲ
အလုပ်ရှတ်နေတာပဲ။စီးပွားရေး၊လူမှုရေး၊ကိုယ့် အရေး၊အများအရေးတွေနဲ့ ။
အဲဒီများနေတဲ့အထဲမှာတခုကတော့..သိချင်၊ကြည့်ချင်၊သိရ၊ကြည့်ရမဲ့
အကြောင်းအရာတွေ ပိုများလာတာပဲ။ mobile phone တွေ၊internet နဲ
့computer,tablet တွေပေါ်လာတာ communication ဆက်သွယ်ရေးကို အရင်ရာစုနှစ်
ထက် အဆပေါင်းများစွာကောင်းလာစေခဲ့ တယ်၊ တနိုင်ငံနဲ့ တ နိုင်ငံ ဆက်သွယ်ရတာ
အလွန်အမင်း လွယ်ကူလာပြီး ကမ္ဘာကြီးဟာတကယ့်ရွာကြီးတခုလိုဖြစ်သွားခဲ့ ပြီ။
ဒါပေမယ့်
external input အပြင်က၀င်လာတဲ့သတင်းတွေ၊ အကြောင်းအရာတွေက သိပ်များလာတယ်၊
ဖတ်လို့ မကုန်၊မှတ်လို့ မကုန်၊ကြည့်လို့ မကုန်ပဲ ဆိုတာအားလုံးအသိပဲ။
ကျနော်တို့ မှာ တွေးရမယ့်အချိန်တွေ၊ နားနားနေနေနေရမဲ့အချိန်တွေ၊ မိသားစု
အေးအေးဆေးဆေး စကားပြောချိန်တွေ နဲသွား သလိုပဲ၊ အိမ်ထဲမှာအတူနေတာတောင်
အဖေက email checkနေ၊အမေက facebook ပေါ်မှာ၊သား က computer game နဲ
့၊တယောက်နဲ့ တယောက်စကားပြောဖို့ အချိန်မရှိသလောက်ပဲ၊
အလုပ်တွေရှုတ်နေလိုက်ကြတာ၊ လုပ်စရာတွေ၊လုပ်ချင်တာတွေ
တော်တော်များလာတဲ့ခေတ်ပါ့လား။
ဒါတွေကို ဘယ်လိုစီမံခန်
့ခွဲရင်ကောင်းမလဲ..လို့ တွေးကြည့်တော့ ဖျတ်ကနဲပဲ..Stephen Covey ရဲ့  The
7 habits of highly effective people (ထိရောက်အောင်မြင်အောင်
လုပ်နိုင်စွမ်းရှိတဲ့သူတွေမှာ ရှိတဲ့အလေ့အထ ၇ခု)
စာအုပ်ကိုပြေးမြင်မိတယ်၊ဒီစာအုပ်ဟာ စီမံခန့် ခွဲမှု နယ်ပယ်၊personal
development
မိမိကိုယ်ကိုဖွံဖြိုးအောင်လုပ်တဲ့နယ်ပယ်မှာလူကြိုက်များ၊ကျော်ကြားတဲ့
စာအုပ်တအုပ်ပါ။ နိုင်ငံတကာ company တော်တော်များမျုားဟာ သူတို
့ဝန်ထမ်းတွေရဲ့ self-development ဖွံ့ ဖြိုးမှု အတွက် ဒီစာအုပ်ကို
ညွှန်းလေ့ရှိကြတယ်။
အဲဒီစာအုပ်ထဲက… Time Management
Matrix (အချိန်ကိုစီမံခန့် ခွဲခြင်း) ကိုသတိရတယ်။တကယ်တော့ ..ဒါဟာ
အချိန်ကိုစီမံခန့် ခွဲတာထက် မိမိကိုယ်ကို ကိုယ် စီမံခန်
့ခွဲတဲ့အကြောင်းပါ။
************************************************
သူက
စပြောတယ်…….လူအများစုဟာ လုပ်စရာတွေအမြောက်အများနဲ့ အလုပ်တွေနဲ့ ပိနေ၊
အလုပ်ရှတ်နေကြပြီး မိမိရည်မှန်းချက်၊
မိမိတန်ဖိုးထားတဲ့အရာတွေအတွက်လုပ်ရမဲ့ အလုပ်တွေကိုကြတော့မေ့
သလိုဖြစ်နေကြပုံရတယ်.တဲ့၊ဒါ့ကြောင့်လဲ လူအများစုဟာ မိမိရည်မှန်းချက်တွေ
ရောက်အောင် ထိထိရောက်ရောက်အောင်အောင်မြင် မြင်
မလုပ်နိုင်ဘူးဖြစ်နေကြတာ၊တကယ်တော့ ကိုယ့် ရဲ့ အချိန်တွေ၊Energy
ကိုယ်စွမ်း၊ဥာဏ်စွမ်းတွေကို အဲဒီကိုယ့်အတွက် အရေးကြီးတဲ့အလုပ်တွေမှာ
အဓိကထား သုံးရမှာ..တဲ့။
သူက..လုပ်ရမဲ့အလုပ်တွေ၊လုပ်စရာ၊လုပ်ချင်တာတွေကို ပထမ..အောက်က ဇယားအတိုင်း အမျိုးအစားခွဲဖို့ အကြံပေးပါတယ်
|
အလုပ် ( ၁ ) Urgent - ချက်ခြင်းလုပ်ရမယ် Important - အရေးကြီးတယ် |
အလုပ် ( ၂ ) Not Urgent - ချက်ခြင်းလုပ်စရာမလို Important - အရေးကြီးတယ် |
|
အလုပ် ( ၃ ) Urgent - ချက်ခြင်းလုပ်ရမယ် Not Important - အရေးမကြီး |
အလုပ် ( ၄ ) Not Urgent - ချက်ခြင်းလုပ်စရာမလို Not Important - အရေးမကြီး |
အဲဒီမှာ..အရေးကြီးတယ်(IMPORTANT)ဆိုတာက….မိမိ
ဘ၀၊ရည်မှန်းချက်နဲ့ ဆက်စပ်တဲ့ အရာ တွေ(ဥပမာ..အောင်မြင်တဲ့
ပညာရှင်တွေ။လုပ်ငန်းရှင်တွေဖြစ်ချင်တာ) မိမိဘ၀မှာတန်ဖိုးထားတဲ့အရာတွေ
(ဥပမာ..ပျော်ရွှင်တဲ့မိသားစုဘ၀တို့ အများအကျိုးဆောင်ရွက်ချင်တာတို့ )
ကိုဆိုလိုတာပါ၊(ကိုယ့်အတွက်ဖြစ်ဖြစ်၊ အများအတွက်ဖြစ်ဖြစ်ပေါ့ )။
ဥပမာပြောရရင်…ကျောင်းသားဆိုရင် စာမေးပွဲအောင်ဖို့ ၊ထူးချွန်ဖို့ တို
့၊၀န်ထမ်းဆိုရင်လဲ အလုပ်မှာ တာဝန်ကျေဖို့ ၊
စီးပွားရေးလုပ်ငန်းလုပ်နေတဲ့ သူကလဲ လုပ်ငန်းအောင်မြင်ဖို
့၊မိဘဘ၀ရောက်နေရင်လဲ မိဘတာဝန်ကျေပွန် ဖို့ ၊အများအတွက်စေတနာ
့ဝန်ထမ်းလုပ်နေရင်လဲ အဲဒီလူမှုရေးလုပ်ငန်း အတွက်… အစရှိတာတွေပေါ့၊
ကိုယ်ရောက်နေတဲ့ ဘ၀ကိုအခြေခံပြီးတွေးကြည့်ရင် ကိုယ့်ဘ၀၊ ရည်မှန်း ချက်နဲ
့ဆက်စပ်တဲ့ အရာတွေ၊အရေးကြီးတဲ့အရာတွေ ပေါ် လာမှာပါ။
URGENT
ဆိုတာကတော့အားလုံးသိတိုင်းအတိုင်း အခု
ချက်ချင်းလုပ်ရမှာပေါ့၊အဲဒီတော့ URGENT နဲ့ IMPORTANT ပေါ် မူတည်ပြီးအလုပ်
၎မျိုးထွက်လာတာတွေ့ ပါလိမ့် မယ်။
အလုပ်(၁) URGENT and IMPORTANT (ချက်ချင်းလဲလုပ်ရမယ်၊ အရေးလဲကြီးတယ်ဆိုတဲ့အလုပ်) ..ဥပမာ
ကျောင်းသားဆိုကြပါစို့ ၊စာမေးပွဲကနောက်တပတ်ထဲမှာဆိုရင် စာကြည့်ဖို.ဟာ
သူ့ အတွက်Urgent and Important ပေါ့၊အလုပ်ရှာနေတဲ့၊Scholarship programme
ရှာနေတဲ့  လူငယ်တွေဆိုရင်လဲ. .အလုပ်တခ၊ုScholarshipတခု ခေါ်နေတာတွေ
့တယ်၊ကိုယ်နဲလဲကိုက်တယ်၊ဒါဆိုရင် ဒါဟာ သူ့ အတွက် Urgent and Important
ပေါ့၊…အဲဒါအလုပ်မျိုးက ချက်ချင်းအရေးတကြီးကို အဲဒီပေါ်မှာ သေသေချာချာ
အာရုံစိုက်လုပ်ရမှာ၊ ဒါကိုတော့အားလုံးလုပ်ဖြစ်မှာပါ။
အလုပ်(၂)NOT....URGENTbutIMPORTATNT(အရေးကြီးတယ်၊ချက်ချင်းတော့မလိုသေးဘူးဆိုတဲ့အလုပ်မျိုး)..ဥပမာ
ကျောင်းသားတွေအတွက်ဆိုရင်အတန်းသစ်တတန်းတက်တာနဲ
့သင်တဲ့စာတွေစလေ့လာရမယ်ဆိုတာမျိုးပေါ့ ၊ဘာလို
့လဲဆိုတော့အခုချက်ချင်uးrgent မလိုသေးပေမယ့်
ကိုယ့်အတွက်အရေးကြီးတယ်၊နှစ်ကုန်လို့ စာမေးပွဲဖြေရင်ဒီဟာကurgent
ဖြစ်သွားမှာမဟုတ်လား၊ လူကြီးတွေကတော့
ကိုယ့်ကိုကိုယ်တွေးယူရင်ရပါတယ်၊ဥပမာ..ကိုယ့်မှာ သားသမီးလဲရှိတယ်၊အခု
သူတို့ က ငယ်သေးပေမယ့်နောက်၅နှစ်၊၆နှစ်လောက်ဆို တက္ကသိုလ်၊ကောလိပ် ပို
့ရတော့မှာ၊ချက်ချင်း urgent တော့ငွေမလိုသေးဘူး၊ ဒါပေမယ်
့ဒါဟာကိုယ့်ဘ၀အတွက်တကယ်အရေးကြီးတယ်၊Importantပေါ့၊ငွေကြို စုထားမှ
ဆိုတာမျိုးပေါ့။
Steven Covey ကတော့ ဒီအလုပ်မျိုးကိုတော်တော် အလေးထားပြောတယ်၊ ထိရောက်အောင်မြင်ချင်တဲ့ သူဟာ ဒီအလုပ်မျိုးဦးစားပေးလုပ်ရမှာတဲ့၊
ဘာလို့လဲဆိုတော့ ဒီအလုပ်တွေ ဟာနောက်တော့သေချာပေါက် “URGENT and
IMPORTATNT (ချက်ချင်းလဲလုပ်ရမယ်၊ အရေးလဲကြီးတယ်ဆိုတဲ့အလုပ်)”
ဖြစ်သွားမှာ၊ မဖြစ်မနေလုပ်မှာ။ကြိုစဉ်းစား၊ကြိုစီမံ
ထားရင်အေးအေးဆေးဆေးလဲလုပ်နိုင်တယ်၊ တကယ်တန်းလုပ်ရမဲ့အချိန်
ရောက်လာတော့လဲ အဆင်သင့်ဖြစ်တာပေါ့ ..တဲ့၊ နောက်အချက်က..လူသဘောက
ချက်ချင်းလုပ်စရာမလိုသေးရင် ပေါ့ပေါ့ဆဆနေတတ်၊ မေ့နေတတ်တယ်။
ဒီအလုပ်မျိုးကမေ့လို့ မရဘူး၊ဘာလို့ လဲဆိုတော့မိမိရည်မှန်းချက်၊
မိမိတန်ဖိုးထားတဲ့အရာတွေကိုပေးစွမ်းမဲ့ အလုပ်တွေဖြစ်နေလို့ ပေါ့။
တကယ်တော့ကျနော်တို
့မှာလဲဒီလိုအတွေ့ အကြုံတွေကျောင်းသားဘ၀ မှာရှိခဲ့ဘူးကြပါတယ်လို
့ကျနော်ထင်တယ်၊ ကျောင်းစာကို နှစ်စကစပြီးနဲနဲချင်း ပြင်ဆင်လာတဲ
့ကျောင်းသားနဲ့ စာမေးပွဲနီးမှ သိမ်းကြုံးကြည့်ရတဲ့
ကျောင်းသားမတူသလိုပေါ့ဗျာ၊ Steven Covey က ဒါကို ဘ၀တလျှောက်လုံးမှာ
သုံးစေချင်တာ။
အလုပ်(၃) URGENT but NOT IMPORTATNT (ချက်ချင်းလုပ်ရမဲ့ပုံပဲ၊ ဒါပေမယ့် အရေးတော့မကြီးဘူး .. ဆိုတဲ့အလုပ် မျိုး) ဥပမာ..TV
မှာကိုယ်ကြိုက်တဲ့ ကိုရီးယားဇာတ်လမ်းတွဲက အပိုင်းတပိုင်းလာတာမျိုး၊
သူငယ်ချင်းတွေက လဘက်ရည်ဆိုင်လှမ်းခေါ်တဲ့ အခါမျိုးနေမှာပေါ
့၊ရှေ့ကပြောခဲ့တဲ့အလုပ်၂မျိုး အလုပ်(၁)နဲ့အလုပ်(၂)တွေနဲ့
့တိုက်ဆိုင်မနေရင်၊ အချိန်ပိုလဲရှိနေရင် လုပ်ပေါ့ဗျာ။အလုပ်(၄)NOT URGENT, NOT IMPORTATNT(အရေးလဲမကြီး၊ချက်ချင်းလဲလုပ်ဖို့ မလိုတဲ့ လုပ် မျိုး)…အဲဒါကတော့  ကိုယ့်ကိုကိုယ်သာစဉ်းစားကြပေတော့။
Steven Covey ကတော့ ထိရောက်အောင်မြင်ချင်ရင် အဲဒီ အလုပ်(၃)နဲ့ အလုပ်(၄)အလုပ် မျိုးကို ကို နဲနိုင်သမျှနဲပါစေ…လို့အကြံပြုပါတယ်။
ထိရောက်အောင်မြင်အောင်လုပ်နိုင်တဲ့သူတွေဟာ အလုပ်(၁)နဲ့ (၂)မှာပဲ မိမိအချိန်နဲ့ စွမ်းအားတွေကို ပိုသုံးကြတယ်၊ဘာလို့ လဲဆိုတော့ ဒီအလုပ်မျိုးတွေဟာ URGENTချက်ချင်းလုပ်ဖို့ လိုသည်ဖြစ်စေ၊မလို သည်ဖြစ်စေ.. ကိုယ့်ဘ၀ရဲ့ရည်မှန်းချက်၊ပန်းတိုင်၊ကိုယ်တန်ဖိုးထားတဲ့အရာတွေကိုရရှိစေမဲ့ IMPORTANT အလုပ်မျိုးတွေဖြစ်လို့ ပဲလို့ သူကဆိုပါတယ်၊ အဲဒီ၂ခုထဲကမှ အလုပ်(၂) ကတော့အရေးကြီးဆုံးပေါ့ဗျာ..လို့  ထပ်အကြံပေးထားပါတယ်။”Quadrant II is the heart of effective personal management”တဲ့။
*****************************************************
ကဲ..ဒီတော့...ကျနော်တို့ လဲ ဒီ exercise လေ့ကျင့်ခန်းလေးလုပ်ကြည့်လိုက်ကြရအောင်…
- ပထမဦးဆုံး စာရွက်တရွက်ပေါ်မှာ…ကိုယ်အခုလုပ်နေတဲ့အလုပ်တွေ၊လုပ်ချင်တဲ့ အလုပ်တွေ ချရေးပါ၊
- နောက်ပြီး..ကိုယ့်ရဲ့ ရည်မှန်းချက်၊ကိုယ်တန်ဖိုးထားတဲ့ အရာတွေအတွက်လုပ်ရ မဲ့ အလုပ်တွေကိုလဲ သေချာတွေးပြီးချရေးပါ၊
- ပြီးရင် ဒီအလုပ်တွေ(အားလုံးစုစုပေါင်း)ကို အထက်ဇယားလေးထဲ သေချာတွေးပြီး သက်ဆိုင်ရာအကွက်တွေမှာ ထဲ့ကြည့်လိုက်ရအောင်၊
- ကဲအခု..သူ့ အကွက်ထဲသူနဲ့ သက်ဆိုင်တဲ့အလုပ်တွေ ရေးထဲ့ပြီးပြီ၊
- အလုပ်(၃)နဲ့ အလုပ်(၄)ထဲကအလုပ်တွေကို သိပ်များနေရင် တတ်နိုင်သမျှ လျှော့အောင်လုပ်ပါ၊ အဲဒီအတွက်အချိန်နဲ့ စွမ်းအားတွေသိပ်မကုန်ပါစေနဲ့ ၊
- အလုပ်(၁)နဲ့အလုပ်(၂)တွေအလုပ်တွေထဲကအတွက် အချိန်တွေ၊ကိုယ်စွမ်းဥာဏ်စွမ်းတွေ အစွမ်းကုန်ထဲ့  လုပ်ပါ၊
- အဲဒီဇယားလေးကို ကိုယ်မြင်သာ တဲ့နေရာမှာထားပြီး နေ့ တိုင်း မိမိအလုပ်တွေကို ပြန်ဆန်းစစ်နေပါ၊အလုပ်(၁)နဲ့အလုပ်(၂)က အလုပ်တွေကိုမှာငါအားနည်းနေသလား၊ အလုပ်(၃)နဲ့အလုပ်(၄)ကအလုပ်တွေနဲ့ သိပ်အလုပ်ရှတ်လွန်းနေပြီလားဆိုတာကိုပေါ့ ။
ဘ၀မှာ
ဒီလိုစနစ်တကျလုပ်ရင်ဘ၀မှာဘယ်မှာ မအောင်မြင်စရာရှိမလဲဗျာ။
နိုင်ငံတကာမှာကျင့်သုံး နေတဲ့ ၊ နိုင်ငံတကာအဆင့်မီ၊ ပေမီထောက်မီ..
အတွေးအခေါ် တွေ၊ကျင့်စဉ်၊စနစ်တွေအတိုင်း ကျင့်သုံးနေတာပဲ။ တကယ်လုပ်ဖို
့တော့လိုတာပေါ့။
အားလုံး ပျော်ရွှင်၊အောင်မြင်ကြပါစေ..
ဒေါက်တာအောင်မျို:

No comments:
Post a Comment