Powered By Blogger

Thursday, July 24, 2014

"PR" ဘာလဲ.. ဘယ်လဲ...

fb ပေါ်က တော်တော်များများ... PR စနစ် ဆိုတာကို.. ပြောပြောနေတာ တွေ့နေရတယ်.. တကယ်နားလည်လို့ပဲပြောနေတာလား.. ကြားဖူးနားဝတွေနဲ့ပြောနေတာလားတော့ မသိဘူး.. ဒါကြောင့်.. ကျွန်တော်သိသလောက်.. PR အကြောင်းလေး .. share ပေးချင်လို့ပါ.. -
-
-
-
ဒီနေ့အချို့သော နိုင်ငံရေးပါတီများနဲ့ ဂျာနယ်များမှာ ရေးနေတဲ့ PR စနစ်ဆိုတာ ပါတီစုံရွေးကောက်ပွဲများတွင် အချိုးကျ ကိုယ်စားပြုစနစ်(Proportional Representatin System)ကို ခေါ်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ၁၉၅၁-၅၂၊၁၉၅၆-၁၉၆၀ခုနှစ်များမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲများမှာ(First Past the Post System-FPTP)စနစ်ကိုဘဲ ကျင့်သုံးခဲ့ကြတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲမှာလည်း မဲဆန္ဒနယ်တစ်ခု ၀င်ရောက်ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ် လောင်း(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)များအနက် မဲအများဆုံး ရရှိသူတစ်ဦးသာ အနိုင်ရတဲ့သူ ကိုယ်စားလှယ်အဖြစ် ရွေးတဲ့စနစ်ကို ကျင့်သုံးခဲ့ တာပါ။ ဒီစနစ်ဟာ(First Past the Post System FPTP)ပါဘဲ။

FPTP စနစ်ကတော့ ပြည်သူလူထုမဲဆန္ဒရှင်အားလုံး ကျင့်သုံးဆောင်ရွက်ခဲ့ပြီးဖြစ် လို့ ဒီစနစ်နဲပက ရင်းနှီးနေပြီးဖြစ်ပါတယ်။ဒါကြောင့် အထူးရှင်းပြမနေတော့ပါဘူး။ဒါပေမဲ့ ပြည်သူလူထုမဲဆန္ဒရှင်များအတွက် ထူးခြားနေတဲ့ အစိမ်းသက်သက်ဖြစ်နေတဲ့ PR စနစ် ဆိုတာကို နည်းနည်းရှင်းပြခြင်းဖြစ်ပါတယ်။

ပါတီစုံအထွေထွေရွေးကောက်ပွဲတွေမှာ PR စနစ်ကျင့်သုံးတဲ့ နိုင်ငံပေါင်း(၈၀)ကျော် ရှိနေတာကို တွေ့ရှိရပါတယ်။PR စနစ် အတွင်းမှာတင် ကျင့်သုံးတဲ့ နည်းလမ်း(၃)မျိုး လောက်ရှိနေတာတွေ့ရကြောင်း၊အဲဒါတွေရဲ့အသေးစိတ်ကို နောင်မှ ရှင်းပြပါမယ်ဗျာ။ခုတော့ PR စနစ်ကိုဘဲ ရှင်းပြချင်တာပါ။

အချိုးကျ ကိုယ်စားပြုစနစ်ဆိုတာ(Proportional Representatin System:PR System)ရွေးကောက်ပွဲမှာ ရရှိတဲ့ မဲအနည်းအများ အချိုးအစားအလိုက် လွှတ်တော်ကိုယ်စားလှယ်နေရာများကို(လွှတ်တော်အမတ်)၀င်ရောက် ယှဉ်ပြိုင် သော ပါတီများသို့ခွဲဝေပေးတဲ့စနစ်ပါ။ဒီလိုလုပ်ခြင်းအားဖြင့် မဲဆန္ဒရှင်တွေဟာ ယုံကြည်ချက် များကို ကိုယ်စားပြုမယ့် လွှတ်တော်ကိုယ်စားလှယ်များ ရရှိမှာဖြစ်ပါတယ်။

PR စနစ်ကို ပထမဆုံးကျင့်သုံးတဲ့ နိုင်ငံကတော့ ဒိန်းမတ်နိုင်ငံဖြစ်တယ်လို့ လေ့လာ သိရှိရပါတယ်။PR စနစ်နဲ့ သဘောကတော့ နိုင်ငံရေးပါတီများ၊ဒါမှမဟုတ် အုပ်စုတွေများ ပြီး ကိုယ်စားလှယ်လောင်းတစ်ဦးထက်ပိုနေသော မဲဆန္ဒနယ်တွေမှာ ယှဉ်ပြိုင်ရပြီး မိမိတို့ ပါတီ သို့မဟုတ် မိမိတို့အုပ်စုက ရရှိတဲ့ မဲဆန္ဒအရေအတွက်ပေါ် မူတည်ပြီး ကိုယ် စားလှယ်လောင်းနေရာများကို အချိုးကျခွဲဝေရရှိနိုင်တဲ့ ရွေးကောက်ပွဲစနစ်ဖြစ်ပါတယ်။

ရွေးကောက်ပွဲ စနစ်တိုင်းမှာတော့ အားသာချက်၊အားနည်းချက် ဆိုတာ ရှိနေပါတယ်။ PR စနစ်မှာလည်း ဒီလိုဘဲ။ အားသာချက်ကတော့

(၁) ပါတီငယ်တွေကို ထောက်ခံသူများအပါအ၀င် နိုင်ငံရေးအုပ်စုအားလုံး ကိုယ်စား ပြုမှုကို ခံစားရခြင်း။

(၂) မဲဆန္ဒရှင်များအဖို့ ရွေးချယ်ခွင့်ပိုရသောကြောင့် မဲထည့်မည့်သူ အရေအတွက် ပိုများလာနိုင်ခြင်း။

(၃) လွှတ်တော်များတွင် ပါတီကိုယ်စားပြုသည့်အရေအတွက် ပိုများလာခြင်း။

(၄) ပါတီများမှ တင်ပြလာသည့် ကိုယ်စားလှယ်လောင်းများ စာရင်းတွင် အရည် အချင်းရှိသူများပါဝင်လာခြင်း။

(၅) လူမျိုးစုံ၊ဘာသာစုံ၊ကိုယ်စားလှယ်များ ပိုလာပြီး အမျိုးသမီးများလည်း ပါဝင်လာ နိုင်ခြင်း။

(၆) အင်အားကြီးသော ပါတီကြီးတစ်ခုက လွှတ်တော်အား ကြီးစိုးထားမှုမှ ကာကွယ် နိုင်ခြင်း။

(၇) ကိုယ်စားလှယ်လောင်းတစ်ဦးသည် သတ်မှတ်ခဲမရရှိပါက မဲအနည်းဆုံးကိုယ်စား လှယ်လောင်းကို ထုတ်ပယ်၍ ယင်း၏မဲများကို အခြားကိုယ်စားလှယ်လောင်းများ အားမျှတစွာ ဝေငှခြင်း။

PR စနစ်မှာ အားနည်းချက်များလည်း ရှိနေပါတယ်။

(၁) မဲဆန္ဒရှင်များနဲ့ ကိုယ်စားလှယ် နီးကပ်စွာ ဆက်ဆံမှုလျော့နည်းတာကြောင့် တာဝန်ယူ တာဝန်ခံမှု အားနည်းခြင်း။

(၂) ပါတီစုံမှ ကိုယ်စားလှယ်များ၊ အများစုပါဝင်လာ၍ အစိုးရဖွဲ့ရာတွင် ညွှန့်ပေါင်းအစိုးရ ဖြစ်လာနိုင်ခြင်း။

(၃) ညွှန့်ပေါင်းအစိုးရများ ဖြစ်လာတတ်၍ ရေရှည်တွင် စည်းလုံးမှု ပျက်ပြားနိုင်ခြင်း။

(၄) လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါတီက ရွေးရာတွင် ပါတီတွင်းပြဿနာများ ဖြစ်လာနိုင်ခြင်း။

(၅) ငွေများများ တတ်နိုင်ပါက တစ်တိုင်းပြည်လုံးဝင်ရောက်အရွေးခဲ့နိုင်သောကြောင့် ပါတီတစ်ခုသည် ကိုယ်စားလှယ်လောင်းများစွာ ရသွားနိုင်ခြင်း။

(၆) လက်နက်ကိုင်ဆောင်ထားသော သောင်းကျန်းသူများလည်း လွှတ်တော်တွင် နေရာ ရလာနိုင်၍ တိုင်းပြည်အေးချမ်းမှု အားနည်းလာနိုင်ခြင်း။

ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ အခုလောလောဆယ် ကျယ်ကျယ်လောင် လောင် ပြောနေကြတဲ့ PR စနစ်ဆိုတာ ဒါပါဘဲဗျာ။အားသာချက်ရှိသလို

အားနည်းချက်ရှိတာပါဘဲ။ပြည်သူလူထုကြီးတစ်ရပ်လုံး အကောင်းအဆိုးစဉ်းစားဝေ

ဖန်နိုင်ကြပါစေ....။

No comments:

Post a Comment