Powered By Blogger

Friday, June 27, 2014

ခင်ပွန်းကြီး (၁၀)ပါး



ခင်ပွန်းကြီးဆယ်ပါး
၁။ သဗ္ဗညုဘုရားသခင်
၂။ ပစ္စေကဗုဒ္ဓါ
၃။ သာဝကရဟန္တာ
၎။ လက်က်ျာရံ လက်ဝဲရံ
၅။ အမိ
၆။ အဖ
၇။ ဆရာ
၈။ အဖန်တလဲလဲ မပြတ်ဆုံးမပေတတ် ဆရာမြတ်
၉။ ပေးကမ်းဖူးသောသူ
၁၀။ တရားဟောပေးသောသူ
မိတ္တာနန္တိ ဗုဒ္ဓါဒီနံ ကလျာဏမိတ္တာနံ န ဒုဗ္ဘတိ ဟူသော (ဇာ၊ဋ္ဌ၊၆၊၁၉) အဋ္ဌကထာပါဠိကို မိတ္တနန္တိ မိတ္တနံဟူ သည်ကား ဗုဒ္ဓါဒီနံ- ဘုရားအစရှိကုန်သော၊ ကလျာဏ မိတ္တနံ- အဆွေခင်ပွန်းကောင်းတို့အား၊ န ဒုဗ္ဘတိ- မပြစ် မှား။ ဗုဒ္ဓါဒီနံ- ၌အာဒိသဒ္ဒါဖြင့် ပစ္စေကဗုဒ္ဓါ သာဝက အဂ္ဂသာဝက အမိ အဖ ဆရာ ရတနာသုံးပါး၌ ကြည်ညို သောသူ ပစ္စည်းဝတ္ထုပေးကမ်းပေသောသူ တရားဟောပေသောသူ ဤသို့၉- ယောက်သော ကလျာဏမိတ္တကို ယူ၊ ထိုကြောင့် အဋ္ဌကထာဆရာတို့သည်- ဗုဒ္ဓေါ ပစ္စေကဗုဒ္ဓါ သာဝကာ အဂ္ဂသာဝကာ စ မာတာ ပိတု ဂရု သဒ္ဒါ ပစ္စယဒါယကာ ဓမ္မဒေသနာ ဟူ၍ ဆိုတော်မူကုန်၏(အဋ္ဌကထာဆရာတို့ဟု ဆိုသော်လည်း မည်သည့်အဋ္ဌကထာဟု မသိရ၊ ဂါထာလည်းမဟုတ်)ဗုဒ္ဓေါ စ - သဗ္ဗညုဘုရားလည်းကောင်း၊ ပေစ္စကဗုဒ္ဓေါ စ- ပစ္စေကဗုဒ္ဓါလည်းကောင်း၊ သာဝက စ- သာဝကလည်း ကောင်း၊ အဂ္ဂသာဝကာ စ- လက်ျာရံ လက်ဝဲရံဖြစ်သော တပည့်သားမြတ်နှစ်ပါးတို့လည်းကောင်း၊ မာတာ စ- အဖလည်းကောင်း၊ ဂရု စ- အလေးအမြတ်ပြုအပ်သော ဆရာလည်းကောင်း၊ သဒ္ဒါ စ- ရတနာသုံးပါး၌ သဒ္ဒါယုံ ကြည်သော သူတို့လည်းကောင်း၊ ဓမ္မဒေသ နာ စ - တရားဟောပေသော သူလည်းကောင်း၊ က္ကုတိ -ဤသို့၊ ဒသ- ၁၀ပါးကုန်သော၊ ကလျာဏမိတ္တာ- အဆွေခင်ပွန်းကောင်းတို့သည်၊ ဟောန္တိ - ဖြစ်ကုန်၏

No comments:

Post a Comment