Powered By Blogger

Monday, May 12, 2014

အမေ့အိမ်

<
ကျွန်ုပ် ရေးမည်။
"အမေ့အိမ်"
* နေညိုညို ၊ လေချိုနမ်းတော့
စံပယ်ပန်း အပျိုစင်
အရွက်မှာ မျက်နှာဝှက်
ရှက်တဲ့အသွင် ။
အိမ်ရှေ့က ပန်းဥယျာဉ်
အိမ်ပြင်ထိ ကြူမွှေး။
မောင့်မေမေ သူ့အစွမ်း
ချီးမွမ်းဖွယ်လေး။

* ခရမ်းချဉ် ဂေါ်ဖီထုပ်
ဆူးပုတ်နဲ့ မုံလာ။
အိမ်နောက်မှာ စားပင်စိုက်
နှစ်ခြိုက်စရာ။
ဘူးစင်ကြီးဝေေ၀ဆာ
ခ၀ဲညှာ ကြိုင်သင်း
ဟင်းလျာစုံပါပေ့
မေမေ့စိုက်ခင်း။

* ဖေဖေ့ကိုဦးချလို့
မြူးကြွကြွ ရွှင်စရာ။
ညီမငယ်ညီငယ်ထွေးတို့
လွေးကြပေတာ.။
မောင့်မေမေ့လက်ရာ
တစ်သက်မှာမမေ့ ။
နတ်သုဒ္ဒါယှဉ်မရအောင်
မြိန်လှတယ်လေ့။

* ထက်ကောင်းကင် အရုဏ်စို့
ပျို့တပျို့ ရောင်နီ
မောင့်မေမေ ဓမ္မတေးက
အေးမြပါသည်။
မေတ္တာပို့ ကြေးစည်
အဝေးဆီလွင့်တော့
နားဆင်သူ ဘ၀င်မြူး
ကြည်နူးဖွယ်ပေါ့။

* မြတ်ပညာမပြည့်အိုး
ပြည့်နိုးနိုး ရည်ရွယ်။
ဆောင်းမိုးနွေ မောင်မကြည့်
ဖြည့်ရပါတယ်..။
လူ့ဘ၀စခန်းလယ်..
နွမ်းနယ်ဖွယ် အတိ
အမေ့အိမ် မေတ္တာပန်း
လွမ်းဆွတ်ပါဘိ။ ။

ငွေတာရီ မဂ်ဂဇင်း
(1972 ခုနှစ် ၊ ဇန်န၀ါရီလ)

အမေများနေ့အား.. ကြိုဆိုဂုဏ်ပြုလျှက်........

No comments:

Post a Comment