Powered By Blogger

Thursday, July 24, 2014

အမေ့စကား

*အမေ့မှာတမ်း ၊ သည်လိုလမ်းဝယ်
သည်ပန်းပန်ပြီး ၊ သည်ခရီးမှာ
သည်ထီးကိုဆောင်း ၊ သင့်အောင်ပြောင်းဟု
အပ်ကြောင်းထပ်မျှ ၊ ကြားဖူးလှလည်း
နားဝမ၀င် ၊ "ပဲပြားပင်" နှင့်
"ပုတ်သင်" ပမာ ၊ ရှက်စရာလျှင်
သိက္ခာမဲ့လှ ၊ ထိုဝါဒဟု
ရှုံ့ချပစ်တင် ၊ ထီမထင်ဘဲ
ရင်ကော့ငြင်းဆန် ၊ ခဲ့သော်လည်း .....။

*သည်မူနှင့်ဆို
သည်လူကိုကပ် ၊ အနေတတ်ခဲ့
အခြေမတ်ကာ ၊ မြင့်တက်လာသူ .....။

*သည်ဆရာဆို
သည်အညှာကိုင် ၊ အထာပိုင်လို့
နိုင်ပွဲဆက်ကာ ၊ ပန်းဝင်လာသူ .....။

*သည်အရေးဆို
သည်ဆေးကိုတိုက် ၊ ကုစားလိုက်ခဲ့
အမြိုက်ချမ်းသာ ၊ ရခဲ့ပါသူ.....။

*ဟိုကွေ့ ဟိုတက် ၊ သည်ကွေ့သည်တက်
တက်မှန်စွာပြောင်း ၊ လက်မညောင်းဘဲ
ရေကြောင်းသင့်ကာ ၊ ရေစီးသာသူ .....။

*သြော် .... သည်အရပ်မှာ
သည်ဇာတ်တွင်ကျယ် ၊ သည်လူ့နယ်မှာ
ကျင်လည်ဖြတ်သန်း ၊ အနွမ်းနွမ်းနှင့်
လက်ပန်းကျခွေ ၊ ဒူးညွတ်လေမှ
အမေမှာကြား ၊ ထိုစကားနှင့်
စကားမှာပါ ၊ စေတနာအတွက်
ရင်နာကြေကွဲရသည်တကား....။ ။

ချစ်သော ညီမလေး. သိပါစေ..

လွတ်လပ်စွာ နေထိုင်ခွင့်  ရှိပါတယ်
စည်းတော့  မကျော်စေနဲ့ ပေါ့ .............
...
ပွင့်လင်းစွာ ပြောဆိုခွင့်  ရှိပါတယ်
မရိုင်းစေနဲ့ ပေါ့ ............

ပိုင်ဆိုင်ထားတဲ့  အလှ
လူတကာ မြင်အောင်ပြချင်နေရင်တော့ 
မိန်းကလေးတွေရဲ့ တန်ဖိုး
ဘယ်သူတွေကို လက်ညိုးထိုးပြရမလဲ ...
ခုခေတ်ကြီးမှာပေါ့ ကွယ်.............

သနပ်ခါးကို ဘယ်ညာလိမ်း
ထမိန်ကို ထိုင်မသိမ်း ၀တ်စရာမလိုဘူး

မိန်းကလေးတွေရဲ့ အလှ
ပေါ်အောင်ပြမှ...........
ဒီနေ့ ခေတ်မှာ အဆင်ပြေမယ်ထင်တဲ့ စိတ်
လွှင့်ပစ်နိုင်ပါစေ.....

စကပ်တို ပေါင်ခွဲ
ယဉ်ကျေးမှု့တွေ ရှောင်လွှဲလို့ 
ဒီမိုကရေစီ စကားလုံးနဲ့  အပြိုင်
မိန်းမတို့  သိက္ခာတွေ မယိုင်ပါစေနဲ့ ကွယ်..............

စောင့်ထိန်းရမဲ့  သိက္ခာ..
လိုက်နာရမဲ့ ကျင့်ဝတ်
ကိုယ်တွေ လက်ထဲမှာ အဆင်သင့်မဖြစ်ခဲ့ ရင်
သားကောင်းမိခင်စကားလုံး အဆင်ပြေပြေ သုံးနိုင်မထင်ဘူး............

တွေ့ မြင်တုန်းခဏ
ဟာ ဟင် ဆိုတဲ့  အာမေဍိတ်သံ ကြားမှာ
ဂုဏ်ယူချင်တဲ့  စိတ်.......
တိတ်တဆိတ် ပယ်ဖျောက်နိုင်ပါစေ...........

ကျားတို့  သဘာဝ
တပ်မက်စိတ်ကလွဲရင်
တန်ဖိုးထားတဲ့  စိတ်ထား.........
တပြားသားမှ မရတဲ့  အလှ
ဘာလို့ များ ရချင်နေတာပါလိမ့် ...........

ယောက်ျားလေး တစ်ယောက်
ညနက်သန်းကောင်ထိ လမ်းပေါ်မှာရောက်နေသေးရင်
အိမ်ပြေးစကားလုံးထက် ပိုမရဘူး.........

မိန်းကလေး တစ်ယောက်
ညနက်သန်းကောင်ထိ လမ်းပေါ်မှာရောက်ရင်
ညကြေးတွေ ခွဲ
မကောင်းတဲ့  မိန်းမပဲလို့  တမ်း စွပ်စွဲကျဖို့  များတယ်............

ယောက်ျားလေး တစ်ယောက်
ပေါ်အောင်ပြတဲ့  အလှ
ဝိတ်မ တဲ့ ကာလ
ပင်ပင်ပန်းပန်းလုပ်ရတဲ့  တဒင်္ဂပဲရှိတယ်...............

မိန်းကလေးတစ်ယောက်
ပေါ်အောင်ပြတဲ့  အလှ
SEXY ကျတယ်ဆိုတဲ့  စကားလုံး ထက်ပိုမရဘူး.......

ဒီတော့ ညီမလေးရယ်....
ဘယ်နေရာ ဘယ်ဒေသကို သွားသွား
ညီအကို မောင်နှမ မျက်နှာလေးတွေ တော့  ပတ်ဝန်းကျင်မှာထားခွင့် ပြုနိုင်ပါစေ..........

ပြောင်းလဲလာတဲ့  ခေတ်ယဉ်ကျေးမှု့အရ
ပေါ်အောင်ပြရမှ ကျေနပ်နိုင်မယ်ဆိုရင်လည်း
သေချာတာ တခု သတိပြုနိုင်ပါစေကွယ်..............
ပေါပေါ လောလော ရတဲ့  အလှ
ဘယ်သူမှ ထာဝရ တန်ဖိုးမထားဘူးဆိုတာကိုပေါ့ ..............

အောင်မြင်တဲ့  လူတစ်ယောက်ဖြစ်ဖို့ ဒီအချက်တွေကို အလေးထား လိုက်နာပါ

* ဘာလုပ်လုပ် အောင်မြင်မယ်လို့  ယုံကြည်စိတ် အပြည့် ထားပါ။

* ကိုယ့် ကိုကိုယ် အားကိုးပါ။

* သူ့ တစ်ပါးအမှား ကို သင်ခန်းစာယူပါ။

* ဘယ်သူ့ ဆီကမှ အလကား မလိုချင်ပါနဲ့ ။

* ကူညီပေးကမ်း လှူဒါန်းချင်စိတ် အမြဲ ရှိပါ။

* ရေရှည်အတွက် တွေးပြီး အလုပ်လုပ်ပါ။

* ကိုယ့် ရဲ့  အားနည်းချက် အားသာချက်ကို အမြဲတမ်း ဆန်းစစ်ပါ။

* ကိုယ့် ကျင့် သိက္ခာနဲ့  ပက်သက်လာရင် ဘယ်တော့ မှ အပေးအယူ မလုပ်ပါနဲ့ ။

* အချိန်ရဲ့  တန်ဖိုးကို သိပြီး အချိန်ကို မဖြုန်းမိပါစေနဲ့ ။

* ဘာပဲလုပ်လုပ် ဇွဲလုံ့ လ ၀ီရိယရှိပါစေ။

* မိတ်ဆွေ ကောင်းတွေကို တန်ဖိုးထားပါ။

* ချိုသာပျူငှာ စွာ ဆက်ဆံတတ်ပါစေ။

* လောကကို အကောင်းမြင်စိတ်ရှိပါ။

မိန်းမလက်နက် ရှစ်ပါး


၁။ ပြုံးစစလုပ်ပြခြင်း
၂။ ခနိုးခနဲ့ပြောခြင်း
၃။ ရှက်စနိုးဟန်ပြခြင်း
၎။ မျက်စောင်းထိုးခြင်း
၅။ အသံထွက်အောင်ရယ်ခြင်း
၆။ ကြောက်ဟန်ဆောင်ခြင်း
၇။ မပွင့်တပွင့်ပြောခြင်း
၈။ ငိုခြင်း

သူငယ်ချင်း

သူငယ်ချင်းရေ………
ဟိုဘက်ဒီဘက်
ကမ်းနှစ်ဖက်ကို ဆက်သွယ်ချင်ရင်
တံတားလေးထိုး
လှေလှော်ရသလို
တအားလည်းမတိုးပဲ
ခဏလေးနဲ့ ရောက်မယ်ဆိုတဲ့
အတွေးနဲ့လေ………
နင့်အချစ်ကိုရဖို့
တအားလည်းမတိုး
ဖြူစင်ခြင်းဆိုတဲ့ ကြိုးလေးနဲ့………
ငါ့မေတ္တာကို အသာဖယ်
နင်ပျော်ဖို့အတွက် စကားကြွယ်ရင်း
နင့်အတွေးတွေထဲ သာယာစေခဲ့တယ်……
နင့်အတွက်ဆိုတဲ့ ခံစားချက်နဲ့
ကဗျာတွေရေး အချိန်တွေပေးပြီး
တခါတလေ ငါ့အားငယ်စိတ်တွေ
ပျောက်ခဲ့သေးတယ်………
ဖွင့်ပြောဖို့ စဉ်းစားတိုင်း
ခင်မင်မှုတွေ ယိမ်းယိုင်မှာစိုးလို့
ခံစားချက်တွေမြိုသိပ်
တိတ်တိတ်လေးငိုခဲ့ဖူးတယ်………
အခုတော့……
နင့်ရဲ့ ဖြူစင်ခြင်းတွေအောက်
ငါ……အရှုံးတွေကောက်ယူရင်း
ငါ့အပြုံးတွေ ပျောက်ခဲ့တာ
ကြာပြီပေါ့ဟာ…………

Leader

ဒီမှာသူငယ်ချင်း...
မင်းဘာရည်ရွယ်ချက်တွေပဲရှိရှိ
ဘာတွေကိုပဲလုပ်လုပ်
လုပ်ဖို့ဆုံးဖြတ်လိုပြီဆိုတာနဲ
'ဖြစ်ရမယ်' ဆိုတဲ့စကားကလွဲပြီး
ကျန်တာဘာမှခေါင်းထဲမထည့်နဲ့တော့
လောကကြီးဆိုတာဒီလိုပဲကွ...
အားလုံးနဲ့ခွဲထွက်လိုက်ပြီဆိုတာနဲ့
မင်းကိုပျက်ရယ်ဝိုင်းပြုကြလိမ့်မယ်...
မင်းကိုအရူးလို့သတ်မှတ်ကြလိမ့်မယ်...
အဲဒါတွေကမင်းဘာမှဖြစ်မလာသေးခင်မှာတွေ့ကြုံရမယ့်အခက်အခဲတွေပေါ့
အေး...ဖြစ်သွားပြီဆိုရင်တော့
ရူးနေတာကနေထူးသွားပြီ
ခုနကအသံတွေတိတ်သွားပြီ
မင်းကိုတအံ့တသြနဲ့ ဝိုင်းကြည့်ကြပြီး
မင်းနောက်ကိုလိုက်လုပ်ကြပြီပေါ့......

"လေ့လာဆင်ခြင်သင့်တယ်နော်"

ကိုယ်တိုင်ရှာသော ငွေဖြင့် ဖုန်းဘေလ် ဖြည့်ရသောကြောင့်
Miss Call ပို့ခြင်း သည်းခံပါ။

- အားနာလို့ ဖုန်းပြန်ဆက်တာကို ဘေလ်ပေါတယ်လို့ မထင်ပါနှင့်။

- ယခုဖြည့်သော ဖုန်းဘေလ်သည် မကြာခင် အင်တာနက် နှေးခ
ပေးရန်ဖြစ်သည်။ ထို့ကြောင့် Game Request များ၊
ဇွတ်အတင်းအဓမ္မ Invite လုပ်ခြင်းများ သည်းခံပါ။

- အချစ် နှင့် ဖုန်းဘေလ်အား မရောထွေးပါနှင့်။ ချစ်ခြင်းတရားအား
ဖုန်းဘေလ်ဖြည့်ခိုင်း၍ သက်သေပြခိုင်းခြင်းမှ ရှောင်ကျဉ်ပါ။

- SMS တစ်စောင် (၂၅)ကျပ်နှုန်း ရှိသဖြင့် တစ်စောင်တည်းတွင်
စာလုံးရေ အပြည့်ရေးခြင်းဖြင့် ခြွေတာပါ။

- လူနှင့်ဖုန်းဘေလ် အတူမနေ၊ ခြွေတာသုံးစွဲ လူလည်ပဲ။

- Connection မကောင်းချိန် အင်တာနက်မသုံးခြင်းဖြင့် သင့်ဖုန်းဘေလ် ကြာရှည် တည်တံ့ခိုင်မြဲနိုင်ပေမည်။

- သိန်း(၂၀)တန်၊ (၅)သိန်းတန်၊ (၂)သိန်းတန်၊ (၁၅၀၀)တန် ဆိုပြီး အဆင့်တန်းတွေ မခွဲခြားပါနှင့်။ အင်တာနက်သုံးလျင် စက်ဝိုင်းလည်တာခြင်း အတူတူပင်ဖြစ်သောကြောင့် အားလုံး တန်းတူပင်ဖြစ်သည်။

- အ၀င် Call များအား လို တို ရှင်း ပြောခြင်းဖြင့် ကူညီပါ မိတ်ဆွေ။